(Below English Version)
အောက်တိုဘာ ၂၅ ၊၂၀၂၅
Zalen
မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့်တော်လှန် ရေးတွင် ထောက်ပို့ပါဝင်ပြီးစီး ကြောင်း ထောက်ခံချက်များထုတ်ယု နိုင်ပြီလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မနေ့က အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ မင်းတပ်မြို့သိမ်း တိုက်ပွဲကာလအတွင်း ၁၅ ရက် တာဝန်ထမ်းဆောင်ခြင်းအပါ အဝင်၊တော်လှန်ရေးတွင် တတ်အားသရွေ့ ထောက်ပို့ပါဝင်ပေးကြတဲ့မင်းတပ်ဒေသခံ မော်တော်ယာဉ်ပိုင်ရှင်များကို (Vakok) မော်တော်ယာဉ်အသင်းဝင်ကဒ်များ ထုတ်ပေးပြီ မင်းတပ်မြို့နယ်အတွင်းရှိဂိတ်များတွင် အခွန်အခများ ပေးဆောင်ရန်မလိုဘဲ သွားလာခွင့်ပြုထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (Vakok ) မော်တော်ယာဉ်အသင်းဝင်ကဒ် ကိုင်ဆောင်သူများကို ဆောမြို့နယ်ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကောက်ခံတဲ့ ကားခွန် (ကားလေး ၅ သိန်း ၊ ကားကြီး ၁၀ သိန်း) ကိုလည်း ကင်းလွတ်ခွင့်ပြုမှာဖြစ်ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဆွေးနွေးတိုင်ပင်ထားတယ်လို့ဖော်ပြထားပါတယ်။
အဲဒီ ဆွေးနွေးတဲ့အထဲမှာ ဆောမြို့နယ်အတွင်း ဂိတ်များက ကောက်ခံထားတဲ့ ကုန်စည်ခွန်များကို တော့ ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူးလို့သိရပါတယ်။
အဲဒါကြောင့် (Vakok) မော်တော်ယာဉ်အသင်းဝင်ကဒ်ပျက်စီး/ပျောက်ဆုံးသူများ ၊ထောက်ခံချက်မရှိသေး တဲ့မော်တော်ယာဉ်ပိုင်ရှင်များ အနေဖြင့် ဆောမြို့နယ် ဒေသတွင်း ကားခွန် ကင်းလွတ်စေရန်အတွက် တော်လှန်ရေးတွင် ထောက်ပို့ပါဝင်ပြီးစီး ကြောင်း ထောက်ခံချက်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လာရောက်ထုတ်ယု နိုင်တယ်လို့အသိပေးထားပါတယ်။
သတင်း – နေညို
Vehicle Owners Can Now Obtain Certificates for Supporting the Revolution
October 25, 2025
Zalen
Vehicle owners in Mindat Township can now apply for certificates recognizing their logistical support for the revolutionary movement, according to an announcement released by the Mindat Township People’s Administration Team on October 24.
The statement said that local vehicle owners who have provided logistical assistance during the Mindat battle period — including a minimum of 15 days of service — are eligible to receive membership cards from the Vakok Motor Vehicle Association.
Holders of these cards are exempt from paying tolls and other transportation-related fees at gates within Mindat Township.
In addition, the Mindat Township People’s Administration Team stated that it had reached an agreement with the Saw Township People’s Administration Team to exempt Vakok cardholders from vehicle tax payments — which are currently set at 500,000 kyats for small vehicles and 1 million kyats for large vehicles.
However, the exemption does not apply to commercial goods taxes collected at gates inside Saw Township, according to the statement.
The administration also urged vehicle owners whose Vakok membership cards have been lost or damaged — or those who have yet to obtain a certificate of revolutionary support — to visit the township administrative office to apply for the necessary documents in order to qualify for the Saw Township vehicle tax exemption.
Report by: Nay Nyo


















