ထိုင်ဝမ်ကို တရုတ်ကျူးကျော်ပါက အရေးယူပိတ်ဆို့မယ်လို့ ဒိုနယ်ထရမ့်ပြော

၁၉ အောက်တိုဘာ ၂၀၂၄

Zalen

ရီဘတ်ပလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဒီနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့ ဒိုနယ်ထရမ့်ရဲ့ ပြောဆိုချက်အရ တကယ်လို့ တရုတ်ဟာ ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်ပါက နောက်ထပ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မယ်လို့ ပြောပါတယ်။

“ကျွန်တော်ပြောရရင်၊ ထိုင်ဝမ်ကို ဝင်ရင်တော့၊ ကျွန်တော် မလုပ်ချင်ပါဘူး၊ ခင်ဗျားတို့ကို အခွန်တိုးကောက်ရလိမ့်မယ်၊ ၁၅၀ ရာခိုင်နှုန်းကနေ ၂၀၀ ရာခိုင်နှုန်းအထိ လောက်ပေါ့” လို့ ဒိုနယ်ထရမ့်က တရုတ်ကို သတိပေးခဲ့ပါတယ်။

တကယ်လို့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး စစ်တပ် အသုံးပြုမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဒိုနယ်ထရမ့်ကတော့ တရုတ်သမ္မတရှီကျင့်ဖိန်က သူ့ကို လေးစားသောကြောင့် စစ်တပ်အင်အား အသုံးပြုမှာ မဟုတ်ဘူးလို့ ဒိုနယ်ထရမ့်ပြောပါတယ်။

“သူနဲ့ ကျွန်တော်နဲ့က အလွန်ခိုင်မာတဲ့ ဆက်ဆံရေးရှိထားပါတယ်။ ကျွန်တော်ကတော့ စစ်တပ်ကို အသုံးပြုမှာ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ သူကျွန်တော့်ကို လေးစားတယ်၊ ပြီးတော့ ကျွန်တော်ဟာ ရူးခါနေသူဖြစ်တယ်ဆိုတာကိုလည်း သူသိတယ်” လို့ ဒိုနယ်ထရမ့်က ရှီကျင့်ဖိန်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

တရုတ်ကတော့ ဒီမိုကရေစီစနစ် အသုံးပြုနေတဲ့ ထိုင်ဝမ်ကို ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်အင်အားကို အသုံးမပြုဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး၊ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ ဒီလို ပြောဆိုချက်များကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

ဒိုနယ်ထရမ့်ကတော့ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အကြား သူ့ရဲ့ သမ္မတသက်တမ်းအတွင်း တရုတ်နဲ့ ပတ်သက်ပြီး ရန်လိုဖွယ်ချည်းကပ်မှုကို အသုံးပြုခဲ့ပါတယ်၊ တရုတ်ကို အခွန်ပိုမိုစည်းကြပ်ခဲ့ပြီးတော့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားစေခဲ့ပါတယ်။

Wall Street Journal သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွင် ဒိုနယ်ထရမ့်က တကယ်လို့ သူသာ သမ္မတဖြစ်နေခဲ့မယ်ဆိုရင် ပူတင်ဟာ ယူကရိန်းကို ကျူးကျော်မှာ မဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

“ကျွန်တော် ပူတင်ကို ပြောခဲ့တယ်၊ ဗလာဒီမင်ရေ ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းရှိထားတယ်၊ ဗလာဒီမင် ယူကရိန်းကို ကျူးကျော်ရင်တော့၊ ခင်ဗျားကို ကျွန်တော်ပြင်းပြင်းထန်ထန် ထိုးကြိတ်ရလိမ့်မယ်၊ သင်ယုံတော် ယုံမှာ မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို မောစကိုမြိုလယ်ခေါင်မှာဘဲ ထိုးကြိတ်သွားမယ် လို့ သူ့ကို ပြောခဲ့တယ်” လို့ ဒိုနယ်ထရမ့်ကတော့ ပြောပါတယ်။

သတင်း – Sabang

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်