ထီးလင်းမြို့နယ်အတွင်းစစ်ကောင်စီကလေ ကြောင်းတိုက်ခိုက်လို့ထိခိုက်မှုတွေရှိ

၁၇ ၊အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ထီးလင်းမြို့နယ်ရှိ ညောင်ရွာနဲ့ အကြည်ဘမ်းရွာကြားကို စစ်ကောင်စီတပ်ဖွဲ့၀င်များက မနေ့က အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီခွဲ ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်မှုတွေရှိနေတယ်လို့သိရပြီး တစ်ခြားထိခိုက်ပျက်စီးမှုတွေလည်းရှိနိုင်သလို ဆက်သွယ်ရေးအခက်အခဲများကြောင့် အ သေးစိတ်ကိုမသိရှိရသေးဘူးလို့သိရပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦးက”အရပ်သား ၃ဦးလောက်ထိတယ်ကြားတယ်၊အဲဒီဖက်ကဖုန်းလိုင်းတွေ ကမရလိုက်ရလိုက်နဲ့မလို့ အသေးစိတ်မသိနိုင်ဘူး၊တစ်ခြားထိခိုက်တာတွေရှိနိုင်တယ်” လို့ Zalen ကိုပြောပါတယ်။

မနေ့က ညောင်ရွာနဲ့ အကြည်ဘမ်းရွာအနီး မှာစစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု၃ ကြိမ်မှာ ဗုံးသီး လေးလုံးကြဲချသလို လက်နက်ငယ်တွေနဲ့လည်းရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်းထီးလင်းမြို့နယ်ရှိကျင်းရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံ အရပ်သား ၅ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

ထိန်းချုပ်နယ်မြေများအတွင်း စက်သုံးဆီတွေ ပြင်ပ သို့ပြန်လည်စီးဆင်းမှု လုံး၀ခွင့်မပြုသလို ချင်း ၊ကချင် ၊ ရခိုင် ဘက်ကို တင်သွင်းလိုပါက NUG နဲ့ ညှိနှိုင်းရမယ်လို့ဆို

မတ် ၉၊ ၂၀၂၆ Zalen အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကြား ကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ၎င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေများအတွင်းသို့ စက်သုံးဆီ တင်သွင်းမှုကိုသာ ခွင့်ပြုပြီး၊ နယ်မြေကျော်၍ အပြင်သို့ ပြန်လည်သယ်ဆောင်ခြင်းကို လုံးဝ ...

ဆက်ဖတ်ရန်