ဒိုးဝိုင်းချောင်းရွာမှာ စစ်ကောင်စီတပ်စွဲလို့ ဒေသခံတွေကို ပြန်လာခွင့်မပေးတော့ဘဲ ရွာကိုပိတ်ဆို့အထိုင်ချ

၅ ဒီဇင်ဘာ ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ဒိုးဝိုင်းချောင်းကျေးရွာထဲဝင်တဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ရွာသားတွေကို ရွာထဲဝင်လာခွင့်မပေးတော့ဘူးလို့ ဒိုးဝိုင်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၃၁ရက်နေ့ကစတင်စစ်ကြောင်းထိုးဝင်ရောက်ပြီး နိုဝင်ဘာလ ၅ရက်နေ့ခန့်ကစလို့ ရွာထဲတပ်စခန်းအထိုင်ချခဲ့တာဖြစ်တယ်။

ဒိုးဝိုင်းချောင်းရွာထဲက စစ်ကောင်စီတပ်ကို နိူဝင်ဘာ ၂၁ ရက်နေ့တုန်းမှာ ဒေသကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီးတဲ့ နောက်ပိုင်း အင်အား ၄၀ ကျော်ခန့်နဲ့ လက်နက်ကြီး မျိုးစုံသယ်ဆောင်ကာ ရွာထဲ အင်အားဖြည့်တင်းလာတာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ဒိုးဝိုင်းချောင်းဒေသခံတွေဟာ   ကလေးမြို့ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ရွာကနေ ကလေးမြောက်ပိုင်း ကို လက်နက်ကြီးလှမ်းလှမ်းထုတာတော့ရှိတယ်။ သူတို့က ရွာထဲဝင်နေနေတော့ ရွာသားတွေအကုန်ထွက်ပြေးကြတာပေါ့။တစ်ချို့တွေက ပစ္စည်းတွေပြန်သွားယူဖို့ လုပ်ရင် ဝင်ခွင့်မပေးတော့ဘူး။ပြီးတော့ဒိုးဝိုင်းချောင်းသင်္ချိုင်းမှာလည်း အသုဘချဖို့ဆိုရင် သူတို့ဆီ တကူးတက ခွင့်တောင်းနေရတော့ နည်းနည်းတော့ ခက်တယ်။”လို့ ဒေသခံတွေကဆိုပါတယ်။

ဒိုးဝိုင်းချောင်းရွာဟာ ကလေးမြို့အစွန် ကလေးမြောက်ပိုင်းကို သွားတဲ့ လမ်းပေါ်မှာတည်ရှိပြီးကလေးမြို့ရဲ့ ဘာသာပေါင်းစုံ သင်္ချိုင်းကုန်းသွားရာလမ်း လည်းဖြစ်ပါတယ်။

ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းနဲ့ အနီးနားကျေးရွာတွေကို စစ်ကောင်စီကဒိုးဝိုင်းချောင်းရွာကနေ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေတာကြောင့်ပြီးခဲ့တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာ ၅ရက်နေ့အထိ ကလေးမြောက်ပိုင်းမှာ အရပ်သား ၅ဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း -ဒေမီယံ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်