နေကြတ်ခြင်းကို ဖလမ်းမြို့တွင်လည်း တွေ့မြင်ရ

ဒီမနက်ပိုင်းက နေကြတ်ခြင်းကို ချင်းပြည်နယ် ဖလမ်းမြို့တွင်လည်း အခုလိုတွေ့မြင်ရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “အရင်နေ့တွေမှာတော့ ခုလိုချိန် နေပူထဲမှာထိုင်ရင် ကျောကုံးတွေပူစပ်နေတာပဲ။ ဒါပေမယ့် ခုတော့ နေပူစာလှုံလို့တော်တော်ကောင်းတယ်။ သိပ်လည်းမပူသလို သိပ်လည်းမအေးဘူး။ နေကြတ်တာကို ဓာတ်မှန်ပြားနဲ့ကြည့်ရင်တောင် မြင်နိုင်တယ်” လို့ပြောပါတယ်။

နေကြတ်ခြင်းကို ဒီဇင်ဘဘာလ (၂၆) ရက် နံနက် ၉ နာရီ ၄၆ မိနစ်မှ ၁၂ နာရီ ၅၆ မိနစ်အထိဖြစ်ပါတယ်။ အများဆုံး (အမြင့်ဆုံး) ကြတ်ချိန် ၁၁ နာရီ ၁၆ မိနစ်မှာတောင် (၅၀%) လောက်သာ ဖုံးအုပ်ပါတယ်။

ယခုတခေါက် နေမီးကွင်းဖြစ်ခြင်းကို ဆော်ဒီအာရေးဗီးယား၊ အိန္ဒိယ တောင်ပိုင်း၊ သိရိလင်္ကာမြောက်ပိုင်း၊ အိန္ဒိယ သမုဒ္ဒရာ နဲ့ အင်ဒိုနီးရှားနိုင်ငံမှသည် ပစိဖိတ်သမုဒ္ဒရာ အထိ မြင်တွေ့ရမှာပါ။
မြန်မာနိုင်ငံမှာတော့ နေတခြမ်းကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး တောင်ဘက်ခြမ်းကျတဲ့ ဒေသတွေ(တနင်္သာရီဘက်)မှာ ပိုမြင်ရပါမယ်။

နေကြတ်ခြင်းဟာ ကမ္ဘာနဲ့ နေအကြား လ ရောက်ရှိပြီး အဲ့ဒီ့လရဲ့အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်သွားခြင်း ဖြစ်ပါတယ်။ လအရိပ်ကျရောက်တဲ့ ဒေသတွေမှာ နေကို မမြင်ရတော့ပဲ နေကြတ်ခြင်းကိုသာ ခဏတာ တွေ့မြင်ရတာဖြစ်ပါတယ်။ နေကြတ်ချိန်မှာ လ ရောက်ရှိတဲ့နေရာ (အကွာအဝေး) ပေါ်မူတည်ပြီး နေကို အပြည့်ဖုံးအုပ်ခြင်း (တနည်း) နေအပြည့်ကြတ်ခြင်း နဲ့ နေကို အလယ်မှ ဖြတ်ပိတ်ခြင်း (နေမီးကွင်းကြတ်ခြင်း) ဆိုပြီး ခွဲခြားလို့ရပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ (၂၁) ရက်နေ့မှာ နောက်တကြိမ်ထပ်မံ မြင်ရမှာဖြစ်ပြီး ဆယ်စုနှစ် အတော်ကြာတဲ့အထိ မြန်မာနိုင်ငံမှ နေကြတ်ခြင်းကို မြင်တွေ့ရတော့မှာမဟုတ်ပါ။

နောက်တကြိမ် ပြန်လည်ပြီး မြန်မာနိုင်ငံကိုဖြတ်ကျော်မယ့် နေကြတ်ခြင်းဟာ ၂၀၇၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်