ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာတွေ နှစ်လကြာထိ ထုတ်ယူခွင့် မရ

၁၆၊ဖေဖော်ဝါရီ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်း လစာ နဲ့ ပင်စင် လစာတွေနှစ်လကြာထိ ထုတ်ယူခွင့်မရရှိသေးဘဲ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကစပြီး ဒီနေ့ထိ လစာ ထုတ်ယူခွင့်မရရှိသေးဘဲ မိသားစု စားဝတ်နေရေးအတွက် အခက်တွေ့နေရဟု အစိုးရဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ဒီဇင်ဘာလ၊ ဇန်နဝါရီလ နှစ်လစာ ထုတ်လို့ မရသေးဘူး။ အဓိက လစာကို မှီခိုပြီး စားသောက်ရတာဖြစ်တဲ့အတွက် အခက်ခဲတွေက ရှိပါတယ်။ အလုပ်အကိုင်ကလည်း မရှိဘူး။ ပလက်ဝမှာ လုပ်ရမယ့် အလုပ်လည်းမရှိဘူး။ အကုန်လုံးက အလုပ်လက်မဲ့တွေချည်း ဖြစ်နေတယ်။”လို့ ဆိုပါတယ်။

ပလက်ဝမြို့က စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က AAမှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်ဆိုင်းထားသလို အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာတွေ ထုတ်ယူခွင့် လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။

“အရင်က ပင်စင်လစာကို စီးပွားရေးဘဏ်မှာ ထုတ်ကြတာပါ။ အခု ဘဏ်ကို AA က သိမ်းလိုက်ပြီ။ ထုတ်စရာ နေရာမရှိတော့ဘူး။ လစာမရတာလည်း ၂ လ လောက် ရှိနေပြီ။”လို့ အငြိမ်းစား ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးအဆောက်အဦး အားလုံးကို AA က ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကို မည်သည့် စီမံဖြင့် အုပ်ချုပ်သွားမယ်ကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်