ပလက်ဝမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁ နေရာတွင်သာ မဲပေးခွင့်ပြု

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပလက်ဝ နဲ့ ဆမီးမြို့ပေါ်ရပ်ကွက် ၇ နေရာ နဲ့ ရှင်းလက်ဝအုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စု ၉၅ ရှိတဲ့အနက် ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်မယ်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဖော်ပြထားပါတယ်။

ပလက်ဝမြို့ပေါ်တွင် မဲပေးပိုင်ခွင့် လူဦးရေ ၅၇၇၉ ဦးရှိပြီး ဆမီးမြို့ပေါ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄၀၉ ဦး စုစုပေါင်း ၈၁၈၈ ဦးရှိပါတယ်။

အရင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်တွင် ပလက်ဝမြို့နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ပေမယ့် ပြန်လည်စိစစ်ကာ အခုလို ထပ်မံကြေညာရခြင်းဖြစ်ပါတယ်။

Zalen ad

လေးမြို့မြစ်ဝှမ်းဒေသ ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု လောလောဆယ်မှာ ဘာတိုက်ပွဲမှ မရှိပါ။ ဘာတိုက်ပွဲမှ မရှိဘဲ ပယ်ဖျက်လိုက်တဲ့ အုပ်စုပေါင်း ၃၀ ကျော်ပါတယ်လို့ဒေသခံတစ်ဦးကဆိုပါတယ်။

ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ကစပြီး အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲစတင်ဖြစ်ပွားရာ ၂၀၁၈ ခုနှစ်နောက် တိုက်ပွဲပိုမိုပြင်းထန်လာတာကြောင့် ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေးပျက်တောက်ကာ ဒေသခံတွေက စားနပ်ရိက္ခာကိုပင် လုံလုံလောက်လောက်သယ်ယူနိုင်ခြင်းမရှိတော့ပေ။

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်