ပလက်ဝမြို့နယ် ပြည်သူတွေကို ရက္ခိုင့်တပ်တော်(AA)ရဲ့ ပေါ်တာဆွဲခေါ်ယူမူကြောင့် ထွက်ပြေးတိမ်းရှောင်နေရ

၇၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပီချောင်းဒေသရှိ ကျေးရွာနေ ပြည်သူတွေကို ရက္ခိုင့်တပ်တော်(AA)က အတင်းအဓမ္မ ပေါ်တာဆွဲခေါ်ယူတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပေါ်တာဆွဲခေါ်ယူနေတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်နေသလိုအသက်ကြီးပိုင်း အရွယ်တွေလည်း ပါဝင်ကြပါတယ်။ ဆန်၊ စားစရာ ရိက္ခာတွေအပြင် လက်နက် ခဲယမ်းတို့ကိုလည်း သယ်ယူထမ်းပေးနေရပြီး အချို့မှာ ကျေးရွာထဲသို့ မနေရပ်တော့ဘဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။

Zalen ad

“ပြီးခဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က စပြီး AA ရဲဘော်တွေ လက်နက်၊ ယူနီဖောင်းအပြည့်စုံနဲ့ ရွာထဲဝင်ပြီး ဆန်၊ ရိက္ခာတွေ ထမ်းပေးရမယ်လို့ ပြောပါတယ်။ အဲ့ဒီ ညကစပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ဆန်တွေ၊ တခြားရိက္ခာတွေ ထမ်းပေးရတယ်။ လူမရှိရင် ရှိတဲ့ ကလေးတွေ၊ အသက်ကြီးတဲ့ လူတွေကိုလည်း ထမ်းခိုင်းပါတယ်။ နေ့တိုင်း ထမ်းပေးနေရတော့ လူတွေက ရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးနေကြပြီ “လို့ ပီချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပေါ်တာဆွဲခေါ်ယူမူကြောင့် ဒေသခံအချို့ဟာ ကျေးရွားအတွင်းမှာ မနေရဲတော့ဘဲ မြို့ပေါ်အပြင် ပြည်မဘက်တွေ ထွက်ပြေးနေကြရတယ်လို့ သ်ိရပါတယ်။

အဲ့ဒီ ပီချောင်းဒေသဘက်မှာ ရက္ခိုင့်တပ်တော်(AA)က ဒေသခံတွေ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားပြီး ရေလမ်း၊ ကုန်းလမ်း လမ်းကြောင်းအားလုံးတွေကို ဂိတ်ချပြီး ပိတ်ထားလိုက်တယ်လို့လည်း ဆိုပါတယ်။

သတင်း- Aik Pui

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်