ပျဉ်းခုံကြီးရွာထဲဝင်လာပြီး နေအိမ်များကို စစ်ကောင်စီက စတင်မီးရှို့

၁၂၊ဧပြီ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ ပျဉ်းခုံကြီးရွာကို စစ်ကောင်စီနဲ့အပေါင်းပါ ရှမ်းနီတပ် SNA (Shanni Nationalities Army)တို့ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ရက် ယနေ့ မနက် ၄နာရီဝန်းကျင်မှာ မော်စီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များဟာ လက်နက်ကြီးတောက်လျှောက်ပစ်ကာ ပျဉ်းခုံကြီးရွာထဲ စစ်ကြောင်းထိုးလာခဲ့ပြီး

ယနေ့ ညနေ ၃:၄၀မိနစ်တွင် စစ်ကောင်စီက ပျဉ်းခုံကြီးရွာရှိ နေအိမ်များကို စစ်ကောင်စီက စတင်မီးရှို့ဖျက်စီးနေတာဖြစ်ပါတယ်။

“မနက် ၄နာရီလောက်ကတည်းက သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ဆူညံနေတာ။ စက္ကန့်ရွာကနေ ကားပေါ်မှာအတွဲလိုက်တင်နိုင်တဲ့ လက်နက်ကြီးနဲ့လည်း လှမ်းပစ်တယ်။

ပြီးတော့ ပျဉ်းခုံကြီးရွာထဲကို စစ်ကြောင်းဝင်လာတာ။အခု ညနေ ၃:၄၀မိနစ်မှာ မီးစရှို့တာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပျဉ်းခုံကြီးရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ယခုချိန်ထိ ခန့်မှန်းခြေ အိမ် ၄ လုံးခန့် မီးလောင်နေပြီး စစ်ကောင်စီက ပျဉ်းခုံကြီးရွာထဲကနေ သေနတ်တွေပစ်ဖောက်နေတယ်လို့လည်း သိရပါတယ်။

HAK

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်