နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ပြည်ခိုင်ဖြိုးနဲ့ နှင်းဆီပါတီထောက်ခံသူ (၃၀)ခန့်က ဒီနေ့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒဖော်ထုတ်ကြတယ်လို့သတင်းရရှိပါတယ်။
ဆန္ဒပြသူတွေဟာ တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင်အား (လုံးဝအယုံအကြည်မရှိ)၊ တရားမျှတသည့် ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်းရေး (ဒို့အရေး)၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး (ဒို့အရေး)၊ မသမာသည့်အာဏာရှင်လုပ်ရပ်များချက်ချင်းရပ် စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကြပါတယ်။