ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆
Zalen
ဖလမ်းနဲ့ဟားခါးမြို့နယ်ထဲကကျေးရွာများကိုစစ်တပ်ဗုံးကြဲ
၁၉ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ကျင်ခွါကျေးရွာ ( Cinkhua ) ၊ ဇိုခွါကျေးရွာ (Zokhua) နဲ့ ဖလမ်းမြို့နယ် လုံမ်ဘန်း ( Lumbang ) ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ အဆိုပါကျေးရွာများကိုလေကြာင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်တစ်ချို့ပျက်စီးတာတွေရှိသလို ပြည်သူထိခိုက်ဒဏ်ရာရရှိမှုလည်းရှိတယ်လို့သိရပါ တယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတီမီက “မနေ့က လုံမ်ဘန်း( Lumbang) ရွာကို Y12 နဲ့ကြဲတာလို့ကြားတယ်။ ပြည်သူတစ်ဦးဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူး။ အဲ့ဘက်မှာ လိုင်းမရတော့ နေအိမ် ထိခိုက်ပျက်စီးမှုအသေးစိတ်တော့ကျွန်တော်တို့လည်းမသိနိုင်သေးဘူး။” လို့ Zalen ကိုပြောပါတယ်။
ဟားခါးမြို့နယ်၊ ၊ ကျင်ခွါကျေးရွာ ( Cinkhua ) နဲ့ ဇိုခွါကျေးရွာ (Zokhua) များကိုလည်းအကြမ်းဖက်စစ်တပ်က လေကြာင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဇိုခွါကျေးရွာမှာ လူနေအိမ်ပျက်စီးမှုရှိပြီးလူအထိအခိုက်မရှိကြောင်း၊ ကျင်ခွါကျေးရွာမှာ လူနေအိမ်အချို့ပျက်စီးတဲ့အပြင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ၁ ဦးမှာစိုးရိမ်ရကြောင်းသိရပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာ ကို လေကြောင်းကနေဗုံးကြဲခဲ့လို့ ဒေသခံ အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြပါတယ်။
သတင်း – Mickey
ပုံစာ – စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လုံမ်ဘန်းကျေးရွာလူနေအိမ်ပျက်စီးမှုမြင်ကွင်း
#ဖလမ်း#ဟားခါး#စစ်ကောင်စီ#Zalen

















