ဖလမ်းမြို့နယ်မှာ CNA/CC က ဂိတ် ၁၇ ခုချပြီး တစ်မြို့နယ်လုံးနီးပါးကို ထိန်းချုပ်ထား

ဇူလိုင် ၂၄၊ ၂၀၂၅။

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ CNDF ဌာန ချုပ်နဲ့ ဂိတ်တွေကို CNA/CC ကသိမ်းယူပြီးနောက် CB အဖွဲ့ဝင်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ်ဟာ CNA/CC ထိန်းချုပ်မှုအောက် ကျရောက်သွားပြီလို့ ၎င်းတို့ ဂိတ်ဖွင့်ထားတဲ့ စာရင်းအရ သိရတယ်။

Zalen သတင်းဌာနက စုံစမ်းရသလောက် ဖလမ်းမြို့နယ်အတွင်း CNA/CC က ဂိတ် ၁၇ ခုဖွင့်လှစ် တပ်စွဲထားပါတယ်။ CNDF ဌာနချုပ်မသိမ်းခင် ဖလမ်းမြို့နယ်တွင် ဟွာလ်ငိုနဲ့ ဇာညက်မျိုးနွယ်စုဒေသမှာ CNA/CC ဂိတ်၊ စခန်း ၅ ခုသာ ရှိခဲ့တာပါ။

ဒါပေမဲ့ အခုလက်ရှိမှာ ဖလမ်းမြို့နယ်အတွင်း CNDF ဂိတ်၊ စခန်း တစ်ခုမှမရှိတော့ဘူးလို့ Zalen ရဲ့ သတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

CNDF ဌာနချုပ်ကို တိုက်ခိုက်နေစဉ် ဟားခါးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းချီလာတဲ့ CNA/CC တပ်တွေဟာ ဟားခါး-ဖလမ်းလမ်း၊ ဆူရ်ဘုန်လေ ယာဉ်ကွင်းအနီးက CNDF ဂိတ်စခန်း ၃ ခုကိုပါတပြိုင်နက်ထဲ တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အခုချိန်ထိလည်း အဲဒီဂိတ်စခန်းတွေမှာ CNA/CC က တပ်စွဲထားပါတယ်။

ဇူလိုင် ၂၁ ရက်က ဖလမ်းမြို့နယ် CNDF ဌာန ချုပ်နဲ့ CNA ဌာနချုပ်ကြား ကျေးရွာ ၈ ရွာမှ ရပ်မိရပ်ဖိနဲ့သင်းအုပ်ဆရာတော်တွေကို အစည်း အဝေးခေါ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ CNA ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းထက်နီက “ဖလမ်းမြို့နယ်ကို သိမ်းဖို့မရည်ရွယ်ဘူး။ အခုလို ရွာတိုင်းမှာတပ်စွဲတာက လုံခြုံရေးကြောင့် ခဏတပ်စွဲတာ။ ငြိမ်းချမ်ရေး ကိစ္စ ဆွေးနွေးပြီးရင် အရင်အတိုင်းပြန်နေမယ်” လို့ ဒေသခံတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ ဖလမ်းမြို့နယ်အတွင်းက ကလေး-ဟားခါးလမ်းပိုင်းမှာ CNA/CC ဂိတ်စခန်း ၄ ခု၊ ဝေဘူလ-ဖလမ်းကြားမှာ ဂိတ်စခန်း ၁ ခု၊ ဖလမ်း-ရိခေါ်ဒါရ်လမ်းပိုင်းမှာ ဂိတ်စခန်း ၆ ခု အသီးသီးနေရာယူထားပါတယ်။ ဒါ့အပြင် CNDF ဌာနချုပ်နဲ့ CNA ဌာနချုပ်ကြား ဖလမ်းမြို့နယ်အတွင်းမှာ ဂိတ်စခန်း ၈ ခုချပြီး တပ်စွဲထားပါတယ်။

သတင်း – Xox

ဓာတ်ပုံ- Piang Piang

နောက်ဆုံးရသတင်းများ

ထိုင်း – ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် NUG တိုက်တွန်း

၂၄ ၊ ဇူလိုင် ၊ ၂၀၂၄ Zalen လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း – ကမ္ဘောဒီးယား စစ်ရေးအခြေအနေတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊နိုင်ငံခြားရေး၀န်ကြီဌာနက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်