ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာနိုင်ငံသားများ အွန်လိုင်းဒုစရိုက်ဂိုဏ်းနဲ့ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံရ

၂ ၊စက်တင်ဘာ၊ ၂၀၂၄

Zalen

ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကဇူလိုင်လက ပိတ်ပင်လိုက်တဲ့ အမိန့် ထုတ်ပြန်ပြီးနောက် အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းနေတဲ့လုပ်ငန်း တစ်ခုအနေနဲ့ စီဘူးပြည်နယ် Lapu-Lapu မြို့က အပန်း ဖြေ ဥယျာဉ်ကို စစ်ထောက်လှမ်းရေး ကျောထောက် နောက်ခံနဲ့အစိုးရဝန်ထမ်းတာ၀န်ရှိသူတွေက၁ဝဝ ကျော် စီးနင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲဒီ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘားဒုစရိုက်လုပ်ငန်းကို အာဏာပိုင်တွေ ကစနေနေ့မှာဝင်ရောက်စီးနင်းခဲ့တဲ့အချိန်မှာမြန်မာနိုင်ငံသားခြောက်ဦးအပါအဝင် နိုင်ငံခြားသား ၁၆ဝ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ စက်တင်ဘာ ၁ ရက်နေ့က AP သတင်း ဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

ဆက်လက်ပြီးအွန်လိုင်းလောင်းကစားနဲ့ ပတ်သက်ပြီး ဖမ်းဆီးမိတဲ့သူ အများစုက တော့တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံကအများ ဆုံးဖြစ်တယ်လို့သိပါတယ်။

အခုလိုစီးနင်းတာနဲ့ပတ်သက်လို့တာ၀န်ရှိသူတစ်ဦးကတော့”စခန်းဥယျာဉ်ထဲမှာ အဆောက်အဦး ဆယ်လုံးရှိပြီး ရေကူးကန်တွေ၊ ကာရာအိုကေဘားတွေနဲ့ စားသောက်ဆိုင်တွေရှိတယ်။ အဲဒီ အွန်လိုင်းဒုစရိုက်ဂိုဏ်းမှာ အင်ဒိုနီးရှား ရှစ်ယောက် အဓမ္မ အလုပ်စေခိုင်းနေရတာကို ကယ်တင်ပေးဖို့ မနီလာမှာ ရှိတဲ့ အင်ဒိုနီးရှား သံရုံးက မေတ္တာရပ်ခံရာက နေ အခုလို စီးနင်းတာဖြစ်တယ်”လို့ ဆိုပါတယ်။

သမ္မတမားကိုစ့်က‌ တော့”အခုလိုတရားမဝင်လောင်း ကစားလုပ်ငန်းကြီးတွေဟာ ဖိလစ်ပိုင်ဥပဒေတွေကို လျစ်လျူရှုပြီး စည်းမျဉ်းစည်းကမ်းတွေကိုအကြီး အကျယ် ချိုးဖောက်တာဖြစ်တဲ့အပြင် ငွေကြေးလိမ် လည်တာ၊ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာ အပါအဝင်တခြားရာဇ ဝတ်မှုတွေကျူးလွန်တာဖြစ်တယ်”လို့ပြောပါတယ်။

အဆိုပါဖမ်းဆီးရမိတဲ့ အွန်လိုင်းလောင်းကစားဂိုဏ်းနှင့်ဆိုက်ဘာဒုစရိုက်ဂိုဏ်းမှာ တော့ နိုင်ငံခြားသားစုစုပေါင်း ၁၆၀ နဲ့အထက် ရှိပြီး တရုတ် ၈၃၊ အင်ဒိုနီးရှား ၇၀၊မြန်မာ ၆နှင့် ထိုင်၀မ်၊ မလေးရှား နိုင်ငံသားများလည်းပါ၀င်ပြီး ၎င်းတို့ကိုတော့ မနီလာ လူ၀င်မှုကြီးကြပ်ရေးရုံးကိုပို့ဆောင်မယ်လို့သိရပြီး စစ်ဆေးမေးမြန်းမှုတွေပြီးဆုံးပါကနိုင်ငံအသီးသီးကိုပြန် လည်ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ယောနေ

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်