မကြာခဏထောင်ဖောက်ထွက်ပြေးတဲ့ မြန်မာအမျိုးသမီးကို မီဇိုရမ်မှာ ပြန်လည်ဖမ်းမိ

၃၀၊ ဇန်နဝါရီလ၊ ၂၀၂၅

Zalen

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် မနက်အစောပိုင်းမှာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် အကျဉ်းထောင်ကနေ ထွက်ပြေးလွတ် မြောက်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးနှစ်ဦးတို့အနက် လာလ်ချန်မွေးအီး (Lalchhanmawii) ကို မနေ့ ဇန်နဝါရီလ ၂၉ ရက်မှာ ဖမ်းလည်းဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်း Bengvarna က ဒီမနက်ဖော်ပြထားပါတယ်။

Lalchhanmawii အသက် (၄၄) နှစ်ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုကြောင့် ဖမ်းဆီးအကျဉ်းချ ခံထားရစဉ် လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဗဟိုအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက် ခဲ့ကာ ၂၀၂၄ ခုနှစ် မေလ မှာ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် Lalchhanmawii ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် မနက် ၂ နာရီဝန်းကျင်မှာ သူငယ်ချင်း ဖြစ်သူ Suinunfeli အသက် ၃၆ နှစ်နဲ့အတူ ကျန်ဖိုင်ခရိုင်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြန် ပါတယ်။

ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့က အချိန်အတော်ကြာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် Lalchhanmawii ကို မနေ့က ပြန်လည်ဖမ်းဆီးခဲ့ပေမယ့် ကလေးမြို့၊ တာဟာန်းရပ်ကွက် ဒေသခံဖြစ်တဲ့ Suinunfeli ကိုတော့ ပြန်လည်ဖမ်းဆီး နိုင်ခြင်းမရှိသေးပါ။

Lalchhanmawii ဟာ မီဇိုရမ်အတွင်း မူးယစ်ဆေးဝါးများ တင်သွင်းနေမှုကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန နဲ့ YMA အဖွဲ့တို့ရဲ့ဖမ်းဆီးခြင်းကို မကြာခဏခံရသူဖြစ်ကာ တစ်နှစ်ထဲမှာ နှစ်ခါ၊ သုံးခါ ခန့် အကျဉ်းကျလေ့ရှိသူဖြစ်တယ်လို့ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်