မင်းတပ်မြို့နယ်တွင် နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံး၊၇၀ ကျော်ဒဏ်ရာရ

၈ ၊ ဩဂုတ် ၊၂၀၂၄

Zalen

ချင်းပြည်နယ် ၊မင်းတပ်မြို့ နယ်အတွင်း အာဏာ သိမ်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၂ခုနှစ်၊ဇူလိုင်လ မှ ၂၀၂၄၊ဇူလိုင်လ အထိ နှစ်နှစ်အတွင်း အရပ်သားပြည်သူ ၂၂ဦးသေဆုံးပြီး၊၇၄ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ချင်းလူ့အခွင့် အရေးအဖွဲ့အစည်း (CHRO) ကဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့နယ်တွင် နှစ်နှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက် ခိုက် မှု ၉၈ ကြိမ်အထိရှိခဲ့တယ်လို့သိရပြီး ၊အဲဒီ တိုက် ခိုက်မှုကြောင့် ဒေသခံ ၂၂ဉီးသေ၊၇၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးရုံ ၁ခု၊ခရစ္စယာန်ဘုရားကျောင်း ၄ခု၊ဘုန်းတော်ကြီးကျောင်း ၂ခု၊စာသင်ကျောင်း ၇ခု၊ဒေသခံလူနေအိမ်အဆောက်အဦ ၁၃၇ ခု မီးလောင် ၊ပျက်စီးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တွင် စစ်‌ ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေဟာမကြာခဏဆိုသလိုပြုလုပ်လေ့ရှိပြီး ပေါက် ကွဲအားပြင်းထန်ပြီး လောင်ကျွမ်းမှု မြင့်မားတဲ့အဆင့်ရှိ ပေါင် ၅၀၀ မီးလောင်ဗုံးများကိုသာ အသုံးပြုကြတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။

အရပ်သားပြည်သူ၊ဘာသာ‌ ရေးအ‌ ဆောက်အဦး၊စာသင်‌ေကျာင်း၊‌ ဆေးရုံ၊‌ ဆေးခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က စစ်ရာဇ၀တ်မှုကိုကျူးလွန်နေတာဖြစ်လို့ ဒီသက်သေအ ထောက်အထားတွေဟာ စစ်ကောင်စီကတာ၀န်ခံရမှာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးကဆိုထားပါတယ်။

မင်းတပ်မြို့နယ်အတွင်း ၂၀၂၄ခုနှစ် ဧပြီလ မှ မေလ (၂)ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု ၃၆ ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ရဲဘော် နှစ်ဦး၊ အရပ်သား နှစ် ဦး သေ ဆုံးပြီး ၃၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ဆေးရုံ ၁ခု ၊ဘုရားကျောင်း ၂ခု၊စာသင်ကျောင်း ၁ခု၊လူနေအိမ် ၂၄လုံး ပျက်စီးခဲ့တယ်လို့ မေလတုန်းကCDF – မင်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁၊ဖေဖော်ဝါရီလမှ ၂၀၂၄ ၊ဧပြီလအထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊လက်နက်ကြီးထိမှန်ပျက်စီးခြင်း၊မီးရှို့ဖျက်ဆီးခြင်း တို့ကြောင့်သာသနာ့အဆောက်အဉီး ၁၁၆ လုံး၊ ဆေးရုံ၊ဆေးခန်း ၂၆ လုံး၊စာသင်ကျောင်း ၄၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်