မင်းတပ်မြို့ပေါ်ရှိလူနေအိမ်တွေကိုစစ်ကောင်စီတပ်ဖွဲ့၀င်များက မီးရှို့

၉ ၊နို၀င်ဘာ၊၂၀၂၄

Zalen

မင်းတပ်မြို့ပေါ် ရဲစခန်းအ ရှေ့ဘက်နဲ့ အနောက်ရပ်ကွက်ရှိလူနေ အိမ်တွေကို ခလရ ၂၇၄ တပ်ရင်းတွင်တပ်စွဲထားကြတဲ့စစ်ကောင် စီ တပ်ဖွဲ့၀င် စစ်သား၊ရဲများက နို၀င်ဘာလ ၉ ရက်ဒီကနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့၀င်များမီးရှို့ဖျက် ဆီးခဲ့တဲ့ နေရာကတော့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်နဲ့ ဆောက်လုပ်ရေး၀န်းအနီးတစ် ဝိုက် ရှိ လူနေအိမ်တွေ ဖြစ်တယ်လို့သိရပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ဒေသခံတစ်ဦးက” မင်းတပ်မြို့အရှေ့ပြင်ဘက်ခြမ်းရယ်၊အ‌နောက်ရပ် ကွက်ဘက်ရယ်နှစ် နေရာမြင်ရတယ်၊ တောင် ယာကနေဆိုတော့မီးခိုးတွေလည်းမြင်ရတယ်၊မီး လောင်တာလည်းမြင်ရတယ်” လို့ Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်များရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်လူနေအိမ်ထိခိုက်ပျက်စီး‌ဆုံးရှုံးမှု ဘယ် လောက်အထိရှိတယ်ဆိုတာကိုတော့ဆက် လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃ ရက်နေ့ကလည်း ဆည် မြောင်း ရုံး၀န်းရှိ၀န်ထမ်းအိမ်ရာ‌ နေအိမ် ၅ လုံးခန့်ကို စစ်ကောင်စီတပ်ဖွဲ့၀င်များကမီးရှို့ဖျက် ဆီးခဲ့ပါတယ်။

သတင်း – မိုးပီအောင်

Photo Credit: Hkl Mindat

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်