မဏိပူရ်ပြည်နယ် အင်ဖားလ် ထိန်းသိမ်းရေး စခန်းမှ မြန်မာနိုင်ငံသား ၃၈ ဦးကို တမူးမြို့ စကစထံ လွှဲပြောင်းပေး

၁၁၊ ဇွန် ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားလ်မြို့ ထိန်းသိမ်း ရေးစခန်းမှာ ၂နှစ်ကျော် ထိန်းသိမ်းထားတဲ့ မြန်မာနိုင်သား ၃၈ ဦးတို့ကို တမူးမြို့ စစ်ကောင်စီထံ ယနေ့ဇွန်လ ၁၁ရက်နေ့တွင် ဒုတိယ သုတ်အနေနဲ့ လွှဲပြောင်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ၃၈ ဦးကို ယနေ့ ဇွန်လ ၁၁ရက်နေ့တွင် အင်ဖားလ်မြို့ ထိန်းသိမ်း ရေး စခန်းကနေ ရဟတ်ယာဉ်နဲ့ မိုးရေးမြို့ကို ပို့ဆောင်‌ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့မှ မိုးရေးမြို့ ကနေတဆင့် နေ့လည် ၁၁ နာရီခန့်တွင် နှစ်နိုင်ငံ ကြည်ရေး တံတား တရားဝင် ဝင်ထွက် ဂိတ် ပေါက် ကနေ တမူးမြို့ စစ်ကောင်စီထံ လွှဲပြောင်း ပေးခဲ့တာလို့ မိုးရေးမြို့ခံတစ်ဦးက ပြောပါတယ်။

ယခုလွှဲပြောင်းပေးတဲ့ မြန်မာနိုင်သားများဟာ လမ်ကားမြို့ ယက်ကန်း စက်ရုံမှာ ယက်ကန်းလုပ်ငန်းလုပ်ကိုင်ရင်း ၂၀၂၂ ခုနှစ်မှာ မဏိပူရ် ကိုမန်ဒိုရဲတပ်ဖွဲ့များရဲ့ ဖမ်ဆီးခြင်းခံခဲရတာဖြစ်ပါတယ်။

အဆိုပါ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၆ဦး၊ အမျိုးသမီး ၁၂ ‌ဦးဖြစ်ပြီး ၂နှစ်မှ ၁၄ နှစ် အရွယ် ကလေးသူငယ်များလည်း ပါဝင်နေတယ်လို သိရပါတယ်။

မဏိပူရ်ပြည်နယ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်ရှိပြီး ယခုနှစ် မေလ တွင် ပြည်နယ်ဝန်ကြီးချူပ်မှ မြန်မာနိုင်ငံသား ၃၈ ဦးကို ကနဦး လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။

ပြည်နယ် အစိုးရအနေနဲ့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအား အခုလို ပြည်နင်ဒါဏ်‌ပေး နေရပ်ပြန်ပို့ ခြင်း မလုပ်ဆောင်ရန် မြန်မာစစ်ဘေးရှောင်ကော်မတီ(ကကော်ဒေသ) မှ ဝန်ကြီးချူပ်ထံ မတ်လ ၂၅ရက်နေ့တွင် မေတာရပ်ခံ ထုပြန်ထားပါတယ်။

တဘက်မှာ မဏိပူရ်ပြည် နယ်ဝန် ကြီးချူပ်ကတော့ ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများကို နေရပ် ပြန်ပို့မယ်လို့ မကြာခဏ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာ နဲ့ မီဒီယာများနဲ့ တွေ့ဆုံတိုင်း ပြောဆိုနေတာကို တွေ့ရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်