မဏီပူရ်ပြည်နယ် လူမျိုးရေးပဋိပက္ခတွင် လူ ၁၀၀ နီးပါးသေဆုံးပြီး အဆောက်အဦး ၃၅၀၀ ကျော်မီးလောင်ပျက်စီး

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် မေလ ၃ ရက်ကစတင်ဖြစ်ပွားတဲ့ လူမျိုးရေးပဋိပက္ခ ကြောင့် ကသည်းလူမျိုး ၂၅ ဦး၊ ကူကီးလူမျိုး ၆၃ ဦးနဲ့ အမည်မသိ ၈ ဦး စုစုပေါင်း ၉၆ ဦးသေဆုံးတယ်လို့တယ်လို့ ဒေသတွင်းမီဒီယာများမှာဖော်ပြထားပါတယ်။

ဒါ့ပြင် ကသည်းလူမျိုး ၁၄ ဦးလည်း ခုချိန်ထိပျောက်ဆုံးနေတယ်လို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်ကတော့ ကသည်းလူမျိုးများပိုင်အိမ် ၁,၉၈၈ လုံးနဲ့ ကူကီးလူမျိုးပိုင်အိမ် ၁,၄၂၅ လုံး မီးလောင်သွားပါတယ်။ ကသည်းလူမျိုးများကြီးစိုးသော ရွာပေါင်း ၁၅၈ ရွာ၊ ကူကီးလူမျိုးကြီးစိုးသော ၈၃ ရွာနဲ့ လူမျိုးရောနှောနေထိုင်သော ရွာပေါင်း ၃၃ ရွာမှနေအိမ်များမီးလောင်ခြင်းဖြစ်ပါတယ်။

ဟိန္ဒူဘာသာရေးအဆောက်အဦး ၁၇ လုံးဖျက်ဆီးခံရပြီး ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံရတယ်။

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်