မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီး

ဇန်နဝါရီလ၂၅ရက်၊ ၂၀၂၅
Zalen

ချင်းပြည်နယ်၊ မတူပီမြို့ကို စစ်ကောင်စီက မနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက် ၁ နာရီအချိန်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နေအိမ်နဲ့ ဆိုင်ခန်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တဲ့ ဗုံးသီးဟာ မတူပီမြို့ ခိုဘွေရပ်ကွက်က လွတ်လပ်ရေးကျောက်တိုင်အနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် အနီးအနားက အရပ်သား နေအိမ်နဲ့ စျေးဆိုင်တွေ မိုင်းစထိမှန်ပြီး အမိုးလန်ပျက်စီးသွားတာဖြစ်ပါတယ်။

“အရပ်သားတွေက ထိခိုက်မှု မရှိဘူး။ တခြားသူတွေ ထိခိုက်မှုရှိ၊ မရှိ မသိရသေးဘူး။ လောလောဆယ်မှာ ဆိုင်ခန်းတွေ တော်တော်များ ပျက်စီးတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။”လို့ မတူပီ ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

လေကြောင်း တိုက်ခိုက်မှု မပြုလုပ်ခင် စစ်ကောင်စီတပ်က မတူပီမြို့ကို လေကြောင်းကနေ ကင်းထောက်လေယာဥ်နဲ့ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မတူပီမြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁ ရက်နေ့မှစလို့ ဒီကနေ့ထိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်မှုတွေမရှိပေမဲ့ လူနေအိမ်အများပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်