မတူပီ -မင်းတပ်လမ်းမ ဘက်စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီကို CDF မတူပီ မိုင်းဆွဲလို့ ၆ ဦးအထိ ဒဏ်ရာရရှိ

၃ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ၊ မင်းတပ်-မတူပီပြည်ထောင်စုလမ်းမဘက်ကို မတူပီမြို့အခြေစိုက် ခလရ- ၃၀၄မှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ CDFမတူပီရဲ့မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် ၆ ဦးအထိ ဒဏ်ရာရရှိပြီး ချန်းပြန်း( ခ) ရွာလုံးကျွတ်နီးပါးမီးရှို့ပျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ လ ၂ ရက်နေ့တွင် CDFမတူပီက ထုတ်ပြန်ထားပါတယ်။

ခလရ -၃၀၄ မှ အင်အား၂၀၀ ပတ်ဝန်းကျင်ခန့်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းတပ်-မတူပီလမ်း ချန်းပြန်း(ခ) ရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီ ရဲ့ ပဒေသာမိုင်းဆွဲတိုက်ခြင်းကြောင့် ၆ ဦးအထိ ဒဏ်ရာရရှိပြီး အထိနာကာ ဖေဖော်ဝါရီ လ ၂ ရက်နေ့ မနက် ၈ နာရီ ပတ်ဝန်းကျင် တွင် ချန်းပြန်း (ခ) ရွာ ရှိ ပြည်သူနေအိမ်များကိုအကြောင်းမဲ့မီးရှို့ခဲ့တယ်လို့သိရပါတယ်။

Zalen ad

စကစ အင်အား ၂၀၀ ခန့်ထဲမှ အင်အား၁၀၀ ခန့်ဟာ မတူပီမြို့ပေါ်ဘက်ကိုပြန်လည်ဆုတ်ခွာသွားသော်လည်း အင်အား၁၀၀ ခန့်ကျန်ရှိနေသေးတာကြောင့် CDF မတူပီနဲ့ အချိန်မရွေး ဆက်လက်တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် မတူပီ-မင်းတပ်လမ်းကိုအသုံးမပြုကြရန်နဲ့ တောထွက်အမဲလိုက်ခြင်းများမပြုလုပ်ကြရန် CDF-Matupi မှ အသိပေးထုတ်ပြန်ထားပါတယ်။

မတူပီမြို့အခြေစိုက် ခလရ -၃၀၄ တပ်ရင်းကို၂၀၂၃ခု နှစ် ဒီဇင်ဘာ လ အတွင်း ထေဘွေးစခန်းစွန့် ထွက်ပြေးသူစကစအဖွဲ့ မှအင်အားဖြည့်သလို ၂၀၂၄ ခုနှစ် ဇန်နရီလ အတွင်း ဆမီးမြို့ အမှတ် (၂) ဗျူဟာကုန်းစခန်းမှ စခန်းစွန့်ထွက်ပြေးသူတွေကအင်အားထပ်ဖြည့်သွားပြီး အင်အားပိုမိုများနိုင်ပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်