မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄

Zalen

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။

MDF နဲ့ CDF-Mara တို့ ၂ ဖွဲ့ ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ရေးတွင် အခြားတော်လှန်ရေးအဖွဲ့အစည်းများနဲ့အတူ တော်လှန်ခဲ့ကြပြီး အချင်းချင်းကြားမလိုလားအပ်တဲ့ပြဿနာတစ်ချို့ကြောင့် ၂ ဖွဲ့အကြား စစ်ရေးတင်းမာလာကာ အသက်ပေးဆပ်ရတဲ့အထိ စစ်ရေးတင်းမာလာတာတွေရှိခဲ့ပါတယ်။

Zalen ad

မရာမျိုးနွယ်စု အချင်းချင်းအကြား မလိုလားတဲ့ပြဿနာကိုဖြေရှင်းဖို့ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်း၊ ရပ်မိရပ်ဖများက ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းခဲ့ကြ ကာ ယခုလိုတွေ့ဆုံဆွေးနွေးတဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။

“အရင်ကလည်း တွေဆုံဆွေးနွေးဖို့ အမြဲကြိုဆိုခဲ့ပါတယ်။ အရင်ကလည်းအနောက်မရာလူငယ်တွေနဲ့ သုံးလေး ကြိမ်လောက်ဆွေးနွေးကြဖို့လုပ်ပေးကြတာပေါ့”လို့ MDF ကာကွယ်ရေးမှ ဆလိုင်း ဒူဝန်က ပြောပါတယ်။

မရာမျိုးနွယ်စု လက်နက်ကိုင်နှစ်ဖွဲ့အကြား စစ်ရေးဖြင့် ဖြေရှင်းတဲ့ပြဿနာကို အမြန်ဆုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသွားကြရန် MDF ဘက်ကော CDF-Mara ကပါ လိုလားနေကြတယ်လို့သိရပါတယ်။

” ကျွန်တော် တို့ အမျိုးတွေအကြားမှာ မလိုလားတဲ့ကိစ္စကြောင့်ပြဿနာကကြီးသထက်ကြီးလာပြီးတော့လက်နက်နဲ့ဖြေရှင်းမိကြတယ်။ အခုလိုဘာသာရေးခေါင်းဆောင်များနဲ့အခြားအဖွဲ့အစည်းအသီးသီးရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့ MDFနဲ့ဆွေးနွေးကြမယ်။ ကျွန်တော်တို့ကလည်းငြိမ်းချမ်းပြီးတော့ ၂ ဖွဲ့စလုံး စကစကိုသာဦးတည်ပြီးတိုက်ခိုက်သွားချင်တယ်။ အခုလိုဆွေးနွေးပေးဖို့ကအမြဲကြိုဆိုနေပါတယ်”လို့ CDF-Mara ဆလိုင်းဂျိမ်းကပြောပါတယ်။

သတင်း ‌- သမိုင်းသစ်

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်