မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆
Zalen

မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။

အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန (MOJ)၊ ပညာရေးဝန်ကြီးဌာန (MOE) နဲ့ UNHCR Korea တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ပညာသင်ဆုနေရာ (၅) နေရာ ပေးအပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

ပညာသင်ကာလမှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ (၃) နှစ် ကြာ မြင့်မည်ဖြစ်ပါတယ်။

ပထမ (၁) နှစ်မှာ ကိုရီးယားဘာသာစကား သင်ယူရမည်ဖြစ်ပြီး ကျန် (၂) နှစ်မှာ Master ဘွဲ့ သင်တန်းကာလ ဖြစ်ပါတယ်။ ပညာသင်ဆုမှာ လေယာဉ်လက်မှတ်၊ ကျောင်းလခ၊ အစားအသောက်နဲ့ နေထိုင်စရိတ်တွေ အပြည့်အဝ ပါဝင်မည်ဖြစ်ပါတယ်။

လျှောက်ထားသူတွေမှာ UNHCR ကတ် ကိုင်ဆောင်ထားတဲ့ ဒုက္ခသည် သို့မဟုတ် ယာယီခိုလှုံသူ ဖြစ်ရမည်ဖြစ်ပြီး ဘွဲ့တစ်ခု (Bachelors Degree) ရရှိထားသူ ဖြစ်ရမည်ဖြစ်ပါတယ်။

၁၀၀ မှတ်စကေးမှာ ၈၀% နှင့်အထက် (သို့မဟုတ်) အတန်းရဲ့ ထိပ်ဆုံး ၂၀% အတွင်း ရှိရမည်ဖြစ်သလို ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နောက်ပိုင်း မွေးဖွားသူ (အသက် ၄၀ နှစ်အောက်) ဖြစ်ရမည်ဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေဟာ သတ်မှတ်ထားသော Online Link (https://enketo.unhcr.org/x/emHyxhXY) မှတဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပါတယ်။

လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသူတွေကို မတ်လ ၈ ရက်နေ့မှာ အတည်ပြု အကြောင်းကြားမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူတွေဟာ မတ်လ ၉ ရက်နေ့မှာ ပြုလုပ်မည့် UNHCR ရဲ့ လုပ်ငန်းစဉ်ရှင်းလင်းပွဲသို့ မပျက်မကွက် တက်ရောက်ရမည် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆ Zalen ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ...

ဆက်ဖတ်ရန်