မီဇိုရမ်တွင် UNICEF ရုံးဖွင့်ဖို့ လွှတ်တော်အမတ်က အမေရိကန်တာဝန် ရှိသူများထံတောင်းဆို

၂၉၊ အောက်တိုဘာလ၊ ၂၀၂၄။

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခိုလှုံလာကြတဲ့ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နဲ့ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များကို ကူညီပေးနိုင်ရန်အတွက် မီဇိုရမ်ပြည်နယ်အတွင်း UNICEF ရုံးဖွင့်ပေးဖို့ အိန္ဒိယအစိုးရလွှတ်တော်အမတ် ပူး ကေ ဗန်လာလ်ဗဲန်နာ ( Pu K. Vanlalvena ) က အမေရိကန်အခြေစိုက် တာဝန်ရှိသူများထံတောင်းဆိုတယ်လို့ All India Radio News – Aizawl ကဒီနေ့ဖော်ပြပါတယ်။

လွှတ်တော်အမတ် ပူး ကေ ဗန်လာလ်ဗဲန်နာ ( Pu K. Vanlalvena ) ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မှာကျင်းပတဲ့ ချင်းနှစ်သစ်ကူးပွဲကို တက်ရောက်ဖို့ ရောက်ရှိနေချိန် ဒီကနေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ နဲ့ ပစိဖိတ်ဒေသ အရာရှိ အေရင်ကီမ်ဆဲ ( Erin Kimsey ) နဲ့တွေ့ဆုံခဲ့ပြီး ယခုလိုတောင်းဆိုတာ လို့ဖော်ပြထားပါတယ်။

Zalen ad

လွှတ်တော်အမတ်က လက်ရှိမီဇိုရမ်ပြည်နယ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မဏိပူရ်ပြည်နယ်တို့ကနေ စစ်ဘေးရှောင်တွေခိုလှုံလျက်ရှိရာ စစ်ဘေးရှောင်များထဲမှာ ကလေးငယ်အများကြီး ပါဝင်ကြောင်းပြောဆိုကာ ယင်းကလေးငယ်များအတွက် ကောင်းမွန်တဲ့သင်ယူမှု၊ အစားအသောက်၊ ဆေးဝါး၊ သန့်ရှင်းတဲ့အဝတ်အစားနဲ့ နေရာထိုင်ခင်း များလိုအပ်နေတယ်လို့ဆိုပါတယ်။

ယခုလို စစ်ဘေးရှောင်များရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ မီဇိုရမ်ပြည်နယ်အတွက် ခက်ခဲတဲ့ အရာဖြစ်လို့ အမြန်ဆုံးနည်းလမ်းဖြင့် မီဇိုရမ်ပြည်နယ်မှာ UNICEF ရုံးဖွင့်ပေးနိုင်ရန် နည်းလမ်းရှာပေးဖို့ တောင်းဆိုထားပါတယ်။

Erin Kimsey ကလည်း ပူးကေ ဗန်လာလ်ဗဲန်နာ ( Pu K. Vanlalvena ) ရဲ့တောင်းဆိုချက်တွေဟာ အလွန်အရေး ပါတဲ့အရာတွေဖြစ်ကြောင်း နဲ့ ယခုလိုသူ့ရဲ့ရုံးခန်းထဲမှာ အခုလိုအရေးပါတဲ့အရာတောင်းဆိုတာကြောင့် ကျေးဇူး တင်ကြောင်းဆိုပါတယ်။

ယခုတွေ့ဆုံမှုမှာ ပူးကေ ဗန်လာလ်ဗဲန်နာ ( Pu K. Vanlalvena ) နဲ့အတူ Chin Association of Maryland ခေါင်းဆောင်တွေဖြစ်ကြတဲ့ ပူးဇိုသုမ်မှုန်း ( Pu Zo Tum Hmung ) နဲ့ သိက္ခာတော်ရ တိမ်ဒီယာနာ ( Rev. Tim Sienna ) တို့လိုက်ပါသွားတယ်လို့သိရပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ နီးပါး၊ ဘင်္ဂလားဒေ့ရှ် စစ်ဘေးရှောင် ၂၀၀၀ ကျော် နဲ့ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၁၂၀၀၀ နီးပါး ခိုလှုံလျက်ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်း ကိုသော်လည်းကောင်း ၁၉၆၇ ပရိုတို ကော မှာပါလက်မှတ်မရေးထိုးတာကြောင့် ဒုက္ခသည်တွေကို တရားဝင်လက်ခံထားခြင်းမရှိပေမယ့် UNHCR စာရွက်စာတမ်းကိုင်ဆောင်သူများအတွက် မူကိုတော့ ယေဘုယျအားဖြင့်လေးစားတယ်လို့သိရပါတယ်။

ဓါတ်ပုံ – Cam DC Area ဖေ့စ်ဘုတ်ပေ့စ်

သတင်း – Grace

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်