မီဇိုရမ်ပြည်နယ်မှာ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိ

ဇန်နဝါရီလ ၂၅ရက်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီကျေးရွာနဲ့ တွီဒန်းကျေးမှာ ဇန်နဝါရီလ ဒုတိယပတ်ထဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူ ၁၀၀ ခန့် ထပ်မံ ရောက်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူတို့တွေဟာ ပလက်ဝမြို့နယ်မှာ အထွေထွေကျပ်တည်းမှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အခုလို ထွက်ပြေးတိမ်းရှောင်လာ တာဖြစ်ပါတယ်။

“ပလက်ဝမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အရမ်းခက်ခဲတယ်။ ဘာမှ အဆင်မပြေဘူး။ အသွားလာကန့်သတ်တာတွေလည်းရှိတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

တွီဒန်းကျေးရွာမှာ အိမ်ခြေ ၂၉ ဆောင်နဲ့ ကာကီကျေးရွာမှာ အိမ်ခြေ ၅ ဆောင် စုစုပေါင်း အိမ်ခြေ ၃၄ ဆောင်နဲ့ လူဦးရေ ကလေးအပါအဝင် ၉၇ ဦးတို့ဖြစ်ပါတယ်။

“လောလောဆယ် ဒီဘက်က စစ်ဘေးရှောင်တာဝန်ရှိသူတွေ နေရာချပေးတာ။ စီစဥ်ပေးတဲ့အတိုင်းနေပါတယ်။ ကျွန်တော်တို့မှာဘာမှပါမလာဘူး။ အစရာရာ အကူအညီတွေလိုအပ်နေပါတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်ါ

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီ ကင်းစင်သွားပေမဲ့ ပလက်ဝဒေသခံပြည်သူအများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ ထွက်ပြေးတိမ်းရှောင်မူတွေရှိနေဆဲဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်