မီဇိုရမ်ပြည်နယ်အတွင်း ၂၀၂၃ ပြည်နယ်အဆင့် အထွေထွေရွေးကောက်ပွဲ ကျင်းပ

၈၊ နိုဝင်ဘာ ၊၂၀၂၃

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ပြည်နယ်အဆင့် အထွေထွေရွေးကောက်ပွဲ (Mizoram Legislative Assembly) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၇ ရက် မနေ့ကကျင်းပခဲ့ တယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲ (MLA) တွင် နိုင်ငံရေးပါတီ ၅ခု အပြင် တစ်သီးပုဂ္ဂလဖြင့်ယှဉ်ပြိုင် တဲ့သူများလည်းရှိတယ်လို့သိရပါတယ်။ ယင်းရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တဲ့နိုင်ငံ ရေးပါတီများ မှာ ယခု လက်ရှိ မီဇိုရမ်အစိုးရတာဝန်ယူနေတဲ့ Mizoram National Front (MNF), Zoram People’s Movement (ZPM), Indian National Congress, Bharatiya Janata Party (BJP) နဲ့ Aam Aadmi Party (AAP) တို့အပြင် တစ်သီးပုဂ္ဂလဖြင့် ယှဉ်ပြိုင်တဲ့သူများလည်းရှိပါတယ်။

Zalen ad

ဒီနှစ်ရွေးကောက်ပွဲမှာ မီဇိုရမ်ပြည်သူတွေ အစိုးရအပြောင်းအလဲမြင်လိုတဲ့သူပိုမိုများပြားလာတာကြောင့် ZPM ပါတီဟာ ရေပန်းစားနေပါတယ်။ ၎င်းတို့ပါတီဟာ ပြည်နယ်အစိုးရတာဝန်မယူဖူးတဲ့ပါတီဖြစ်ပြီး MNF, နဲ့ Congress ပါတီနှစ်ခုကသာ ပြည်နယ်အစိုးရတာဝန်ကို အလေ့ကျတာဝန်ယူခဲ့ကြပါတယ်။

ကျန်ဖိုင်ခရိုင် ZPM လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ဆိုင်းဘုတ်

လွှတ်တော်ကိုယ်စားလှယ် (MLA) ရွေးကောက်ပွဲဟာ ပြည်နယ်အဆင့် လွှတ်တော်အမတ် အယောက် ၄၀ အတွက်ဖြစ်ပြီး တစ်ဝက်ကျော် ၂၁ ယောက်အနိုင်ရရှိတဲ့ နိုင်ငံ ရေးပါတီက ပြည်နယ် အစိုးရဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။

ဒီနှစ် မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲ (MLA) အတွက်မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေစုစုပေါင်းမှာ ၈,၅၂,၀၈၈ ဦးဖြစ်ပြီး အမျိုးသား ၄,၁၃,၀၆၂ ဦး နဲ့ အမျိုးသမီး ၄,၃၉,၀၂၆ ဦးတို့ဖြစ်ကြပါတယ်။ မဲပေးတဲ့ လူတွေထဲမှာ အသက် ၁၈-၁၉ နှစ်ကြား (၅၀,၇၅၁) ဦး၊ အသက် ၂၀-၂၉ နှစ်ကြား (၂,၅၄,၆၇၇) ဦး၊ အသက် ၃၀-၄၀ကြား (၂,၃၉,၄၆၇)ဦး၊ အသက် ၄၁-၆၀ နှစ်ကြား (၂,၂၆,၀၇၁) ဦး နဲ့ အသက် ၆၀နဲ့အထက် (၈၁,၁၂၂ ) ဦးတို့ ဖြစ်တယ် လို့သိရပါတယ်။

၂၀၂၃ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲ အတွက်မဲများကို ၂၀၂၃ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရေတွက်မှာဖြစ်ပြီး မဲရလဒ်အရ အနိုင်ရပါတီများ ထံ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ အာဏာလွှဲပြောင်းပေးမယ်လို့သိရပါတယ်။ မီဇိုရမ် ပြည်နယ်ရဲ့ အစိုးရသက်တမ်းဟာ ၅ နှစ် သတ်မှတ်ထားပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်