မီဇိုရမ်မှာ အသက်မပြည့်သေးတဲ့ သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ ဖခင် ဖမ်းဆီးခံရ

၅၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ကျန်ဖိုင်မြို့ပေါ်မှာနေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးကို အသက်မပြည့်သေးတဲ့ သမီးအရင်းကို အဓမ္မပြုကျင့်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတာဝန်ရှိသူများက ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်း Bengvarna က ဒီမနက်မှာဖော်ပြပါတယ်။

ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့များဟာ သူတို့ရရှိထားတဲ့ တိုင်တန်းမှုကိုလိုက်ရင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမီးအရင်းကို အဓမ္မပြုကျင့်သူနဲ့ အသက် အပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို မဖွယ်မရာလုပ်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Zalen ad

ကျန်ဖိုင်မြို့ပေါ်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အသက် ၃၆ နှစ်အရွယ် ဖခင် ဖြစ်သူက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ထဲမှာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကာ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလည်းကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသားက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမီးဖြစ်သူအပေါ် ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တာ ကြောင့် သမီးဖြစ်သူဟာ အဒေါ်ဖြစ်သူအိမ်ကိုပြောင်းရွေ့ခဲ့ပါတယ်။ မိန်းကလေးငယ်လေးက အဒေါ်ဖြစ်သူ ဆီမှာ သူ့ဖခင်ရဲ့လုပ်ရပ်တွေကို ပြောပြခဲ့ပြီးနောက် ကျန်ဖိုင်ခရိုင်ရှိ ကလေးသူငယ်စောင့်ရှောက်ရေး ကော်မတီ ( Child Welfare Committee ) ထံ တိုင်ကြားခဲ့ပါတယ်။ အဲ့ကနေတစ်ဆင့် ကျန်ဖိုင်ခရိုင် ရဲတပ်ဖွဲ့ ထံတိုင်ကြားခဲ့ပြီးနောက် ဖမ်းဆီးထောင်ချခဲ့တာလို့ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အိပ်ပျော်နေစဉ် ရင်သားကိုင် ပြီး မဖွယ်မရာ လုပ်တဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးကို ကျန်ဖိုင်ခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးထောင် ချခဲ့တယ်လိုသိရပါတယ်။၏

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျူးလွန်ခံရသူ မိန်းကလေးငယ်နှစ်ဦးကို အများမသိအောင် ကျူးလွန်သူများရဲ့ အမည် နဲ့ လိပ်စာအတိအကျကို ဖော်ပြခြင်းမရှိပါ။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်