မီဇိုရမ်ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ရိခေါဒါရ်မြို့ကိုသွားရောက်

၇၊ ဇူလိုင်လ၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ရဲ့အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွာန်ပွီးရာ ( Pu Lalmuanpuia) ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (Advocacy Group For Peace) အဖွဲ့ဟာ မနေ့ဇူလိုင်လ ၆ ရက်နေ့မှာ CNO/CNDF နဲ့ HPO/CDF-Hualngo တို့ကြားပဋိပက္ခဖြစ်နေတဲ့ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို သွားရောက်ခဲ့ပါတယ်။

ယခုလိုသွားရောက်ခြင်းဟာ ပဋိပက္ခကြောင့် စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူများအားနှစ်သိမ့်ပေးဖို့နဲ့ သူတို့ရဲ့ လက်ရှိ မြေပြင်အခြေအနေမှန်ကိုသိရှိနိုင်ရန်ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် CNO/CNDF နဲ့ HPO-CDF-Hualngo တာဝန်ရှိသူများနဲ့လည်းတွေ့ဆုံပြီး ဒီပဋိပက္ခအတွင်း အပြစ် မရှိတဲ့ အမျိုးသမီးနဲ့ကလေးငယ်များအပေါ် ဒုက္ခမပေးကြဖို့ မှကြားထားတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေဖြင့် စိတ်မကောင်းဖြစ်ကာ လက်နက်ကိုင်အဖွဲ့အစည်းများ အကြား အမြန်ဆုံးငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်လည်း ဆက်လက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

မီဇိုရမ်ကနေရောက်ရှိလာတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှာ မီဇိုးကျောင်းသားများသမဂ္ဂ ( Mizo Zirlai Pawl – MZP ) ဥက္ကဌ Pu H. Lalthianghlima နဲ့ ဒုဥက္ကဌ Pu C.Lalhmingsanga တို့ပါလိုက်ပါခဲ့ကြတယ်လို့သိရပါ တယ်။

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကို CDF-Hualngo အပါအဝင် ချင်းပြည်ကောင်စီ ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာစစ်ကောင်စီလက်အောက်ကနေသိမ်းပိုက်ခဲ့ပြီး ယခုရက်ပိုင်းပဋိက္ခအတွင်း ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF က ပြန်လည်ထိန်းချုပ်ထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးစဉ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်