မီဇိုလူငယ် ဗဟိုအဖွဲ့အစည်းမှ ရိဒ်ခေါဒါရ် တိုက်ပွဲအတွင်းဒဏ်ရာရ လူနာများကို ရူပီး ၅,၀၀၀ စီလှူဒါန်း

၁၅၊နိုဝင်ဘာ ၊၂၀၂၃

Zalen

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းဒဏ်ရာရသောလူနာများကို မီဇိုလူငယ် ဗဟိုအဖွဲ့အစည်း (CYMA) မှ မနေ့နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းတွင် တစ်ဦးကို ရူပီး ၅,၀၀၀ စီသွားရောက်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းဒဏ်ရာရသူများထဲတွင် တော်လှန်ရေးရဲဘော်များအပါအဝင် ချင်းပြည်နယ်မှစစ်ဘေး ရှောင်များလည်းပါဝင်တယ်လို့သိရပါတယ်။

Zalen ad

တိုက်ပွဲဖြစ်ပွားတဲ့နေ့တွင် ကျန်ဖိုင် ခရိုင်ပြည်သူ့ဆေးရုံသို့ ဒဏ်ရာရ ၂၄ ဦးရောက်ရှိလာပြီး ၎င်းတို့အနက် ၈ ဦးကို အိုင်ဇောလ်မြို့သို့လွှဲပြောင်းပေးခဲ့ ပြီး ယင်း ၈ ဦးတို့ အနက် ၅ ဦးကို ဧဗေနီဇာ ဆေးရုံနဲ့ ကျန် ၃ ဦးတို့ကို Trinity ဆေးရုံတို့တွင်ဆေးကုသူပေးနေတယ် လို့သိရပါတယ်။ အိုင်ဇောလ်မြို့သို့ရောက်ရှိသွားတဲ့ လူနာ ၈ ဦးတို့ကို မီဇိုလူငယ် ဗဟိုအဖွဲ့အစည်းမှ ရူပီး ၅,၀၀၀ စီသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ဒီဟာက ဝမ်းသာစရာသတင်းပါ ဒီကမီဇိုလူငယ်အဖွဲ့အစည်းများက ကျွန်တော်တို့ စစ်ဘေးရှောင်များကို ဘဲဖြစ်ဖြစ် အခုလိုဒဏ်ရာရ တဲ့လူ နဲ့ ဆေးရုံလာပြတဲ့လူနာ များအပါအဝင်အရင်က  မီဇိုရမ်မှာ ဆုံးသွား ကြတဲ့ ချင်းစစ်ဘေးရှောင်များ ကိုလည်း တက်နိုင်သလောက်အမြဲတမ်းကူညီပေးလေ့ရှိတယ်။မီဇိုရမ်မှာ အများဆုံးစစ်ရှောင်တာက ကျွန်တော်တို့ချင်းလူမျိုးများဖြစ်တယ်။ သူတို့က ချင်းတွေဟာ ကျွန်တော်တို့ ရဲ့ ညီအကိုတွေဖြစ်တယ်ဆိုတဲ့ ခံယူချက်အပြည့်အဝရှိကြတဲ့လူတွေပါ” လို့မီဇိုရမ်ထဲက ချင်းစစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်