မီဇိုလူငယ် ဗဟိုအဖွဲ့အစည်းမှ ရိဒ်ခေါဒါရ် တိုက်ပွဲအတွင်းဒဏ်ရာရ လူနာများကို ရူပီး ၅,၀၀၀ စီလှူဒါန်း

၁၅၊နိုဝင်ဘာ ၊၂၀၂၃

Zalen

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းဒဏ်ရာရသောလူနာများကို မီဇိုလူငယ် ဗဟိုအဖွဲ့အစည်း (CYMA) မှ မနေ့နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းတွင် တစ်ဦးကို ရူပီး ၅,၀၀၀ စီသွားရောက်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းဒဏ်ရာရသူများထဲတွင် တော်လှန်ရေးရဲဘော်များအပါအဝင် ချင်းပြည်နယ်မှစစ်ဘေး ရှောင်များလည်းပါဝင်တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့တွင် ကျန်ဖိုင် ခရိုင်ပြည်သူ့ဆေးရုံသို့ ဒဏ်ရာရ ၂၄ ဦးရောက်ရှိလာပြီး ၎င်းတို့အနက် ၈ ဦးကို အိုင်ဇောလ်မြို့သို့လွှဲပြောင်းပေးခဲ့ ပြီး ယင်း ၈ ဦးတို့ အနက် ၅ ဦးကို ဧဗေနီဇာ ဆေးရုံနဲ့ ကျန် ၃ ဦးတို့ကို Trinity ဆေးရုံတို့တွင်ဆေးကုသူပေးနေတယ် လို့သိရပါတယ်။ အိုင်ဇောလ်မြို့သို့ရောက်ရှိသွားတဲ့ လူနာ ၈ ဦးတို့ကို မီဇိုလူငယ် ဗဟိုအဖွဲ့အစည်းမှ ရူပီး ၅,၀၀၀ စီသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ဒီဟာက ဝမ်းသာစရာသတင်းပါ ဒီကမီဇိုလူငယ်အဖွဲ့အစည်းများက ကျွန်တော်တို့ စစ်ဘေးရှောင်များကို ဘဲဖြစ်ဖြစ် အခုလိုဒဏ်ရာရ တဲ့လူ နဲ့ ဆေးရုံလာပြတဲ့လူနာ များအပါအဝင်အရင်က  မီဇိုရမ်မှာ ဆုံးသွား ကြတဲ့ ချင်းစစ်ဘေးရှောင်များ ကိုလည်း တက်နိုင်သလောက်အမြဲတမ်းကူညီပေးလေ့ရှိတယ်။မီဇိုရမ်မှာ အများဆုံးစစ်ရှောင်တာက ကျွန်တော်တို့ချင်းလူမျိုးများဖြစ်တယ်။ သူတို့က ချင်းတွေဟာ ကျွန်တော်တို့ ရဲ့ ညီအကိုတွေဖြစ်တယ်ဆိုတဲ့ ခံယူချက်အပြည့်အဝရှိကြတဲ့လူတွေပါ” လို့မီဇိုရမ်ထဲက ချင်းစစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်