ယောကာကွယ်ရေးတပ်က စကစတပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ရာရာ ၂၀ ဝန်းကျင်သဆုံး

ယောဒေသကာကွယ်ရေးတပ်(YDF)ထီးလင်းက မကွေးတိုင်း၊ ဂန့်ဂေါ-ထီးလင်းကြားလမ်းတွင်စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ စကစဘက်မှ (၂၀)ယောက် ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း YDF မှသတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ဇူလိုက်လ၊၂၈ရက်နေ့ နံနက် (၇) နာရီခွဲက ဖြစ်ပွားခဲ့တာဖြစ်ပြီး YDF တပ်ဖွဲ့ဝင်များ တစ်ဦးမှထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

(Zawgyi)


Zalen ad


နောက်ဆုံးရသတင်းများ

မလေးရှားရောက် ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံ မာစတာဘွဲ့ ပညာတော်သင်ဆု စတင်ခေါ်ယူ

မတ် ၇၊ ၂၀၂၆Zalen မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံမှာ Master ဘွဲ့ တက်ရောက်နိုင်မည့် Global Korea Scholarship (GKS) အစီအစဉ်ကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ကို ကိုရီးယားတရားရေးဝန်ကြီးဌာန ...

ဆက်ဖတ်ရန်