ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။

ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ် CDF -Zotung ၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြားမဟာမိတ်ပူးပေါင်းတပ်တို့ကတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီမှ ဒီကနေ့ မြန်မာစံတော်ချိန်ညနေ ၃း၁၅ တွင် ၁ ကြိမ် တို့ဗုံးကြဲတိုက်ခိုက်သောကြောင့် နေအိမ်တစ်ချို့ပျက်စီးရှုံးပြီး ၊ ညနေစောင်း ၅နာရီ အချိန်တွင်လည်း ရေဇွာမြို့မ ရဲစခန်းတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်သွားကာ ဒေသခံကာကွယ်တပ်တို့ အထိအခိုက်မရှိဘူးလို့သိရပါတယ်။

” အခုလည်း တိုက်ပွဲပြင်းထန်နေတယ်။ သူတို့ဘက်က လေကြောင်းအသုံးပြုတာရှိတယ် ။ ရဲဘော်တွေထိခိုက်တာတော့မရှိဘူး။ နေလူအိမ်တွေထိခိုက်ပျက်စီးတာတော့ရှိတယ်”လို့ CDF-Zotung ပြန်ကြားရေးတာဝန်ခံ Salai Danny က Zalen ကိုပြောပါတယ်။

နိုဝင်ဘာအတွင်း မတူပီမြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ဦး အထိ သေဆုံးပြီး ၃ ဦးအထိ ဒဏ်ရာ ရရှိပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်