ရေဘေးကြောင့် သေဆုံးသူ ၄၃၃ ဦး အထိရှိလာတယ်လို့ စစ်ကောင်စီ ပြော

၂၈၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တွေအပါအ၀င် သေဆုံးသူ ၄၃၃ ဦးအထိရှိလာတယ်လို့ စစ်ကောင်စီက စက်တင် ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူက ၇၉ ဦး ရှိတယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၀ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့တာပါ။

မြို့နယ်ပေါင်း ၁၁၀ က သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရိစ္ဆာန် ၁၇၆,၂၄၆ ကောင် သေဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်၊ ရုံးဌာန၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ လမ်း/တံတား၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၁ ရက်ကထုတ်တဲ့ စာရင်းအရ မြန်မာမှာ ရေဘေးကြောင့် လူ တစ်ရာနီးပါး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင် ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလအတွင်းမှာ တောင်ငူမြို့နဲ့ မဒေါက်မြို့ နဲ့ပဲခူးမြို့တို့မှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနိုင်ပြီး ရေကြီးမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်