ဇန်နဝါရီ ၂၂၊၂၀၂၆။
Zalen
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ရွှေထီးခန်းမ မှာတပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် တဦးလက်နက်နဲ့အတူ အလင်း၀င်ရောက်လာတယ်လို့ မနေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊၁၆၊ ၁၇) Yaw Revolution Army (YRA) – ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ၀င်ကတော့ တပ်မ ၉၉ လက်အောက်ခံ ၊ ခမရ ၃၁၅ က တပ်သားအောင်ကျော်မင်း ၊ကိုယ်ပိုင်အမှတ် -ပစ ၁၅၈၄၀၈ ဖြစ်ပြီး MA 3 တလက် နဲ့အတူ ဇန်နဝါရီလ ၂၀ ရက်နေ့က အလင်း၀င်လာတာလို့ ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ YRA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံ ကိုကောင်းက ” သူကထွက်ပြေးချင်တယ်။ ကျွန်တော်တို့နဲ့ချိတ်ဆက်တယ်။ချိန်းဆိုပြီးတော့ အောင်မြင်ခဲ့တယ်။အခုရောက်လာတဲ့အသစ်ပါ။ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ပြီး ချခဲ့တဲ့ တပ်သားအသစ်ပါ ” လို့ Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး အလင်း၀င်ရောက်လာတဲ့စစ်ကောင်စီ တပ်သားကိုတော့ ဆုကြေးငွေ ကျပ် သိန်း ၅၀ ဆုချီးမြှင့်ထားပြီး YRA ထံ အလင်း
၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ဦး ၀န်းကျင်ရှိတယ်လို့ သူက ရှင်းပြပါတယ်။
အလင်း၀င်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားသစ် ကိုတော့ ဂန့်ဂေါခရိုင်တပ်ရင်း -YRA ထီးလင်းက ကောင်းကောင်းမွန်မွန် စောင့်လျှောက်ထားတယ်လို့ အသိပေးထားပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – အလင်း၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး

လက်နက် နဲ့အတူ အလင်း၀င်လာတဲ့ စစ်ကောင်စီ တပ်သားတဦးကို YRA က သိန်း ၅၀ ဆုချီးမြှင့်















