လုပ်ရင်တကယ်ဖြစ်တယ် လူငယ်များ

ပိုးစုန်းကြူး ရေးသည်။

ဒီနေ့ဆောင်းပါးမှာတော့ လတ်တလောမှာ နာမည်ကြီးနေတဲ့ Vannex ရဲ့ Foo Foo သီချင်းကို အခြေခံပြီးတော့ လုပ်ရင်တကယ်ဖြစ်တယ် လူငယ်များခေါင်းစဥ်နဲ့ ရေးသားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာနေ မြန်မာနိုင်ငံမှာကြီးပြင်းတဲ့ လူငယ်တစ်ယောက် ကမ္ဘာကျော်ဖို့ဆိုတာ အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေထဲက တစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူငယ်တွေသာမက လူကြီးတွေပါ ၁၉၆၀ လောက်ကစပြီး  ခေတ်အဆက်ဆက် ဦးနှောက်ဆေးကြော (Brain wash) ခံရတာတင်မကဘဲ သူတို့အုပ်ချုပ်ရေးပိုင်းလွယ်ကူအောင် အထွဋ်တက်တဲ့သူနည်းပါးရန်အတွက် ပညာရေးလွတ်လပ်ခွင့် နှင့် အခြားကဏ္ဍလွတ်လပ်ခွင့်တွေပါ ပိတ်ပင်ထားတာ ၂၀၁၄ ထိလောက်ဆို မှားမယ်မထင်မိပါဘူး။ အဘက်ဘက်မှ အနည်းငယ်ပွင့်လာသည့် ၅နှစ်တာ အတွင်းမှာ လူငယ်တွေဟာ ထိုးထောင်တက်နေတာတော့ ငြင်းလို့ရမည်မထင်ပါ။ ထိုကဲ့သို့သော ဒုက္ခမျိုးစုံကြားမှ ထိုးထွက်ပြီး ကမ္ဘာကျော်သွားတဲ့လူငယ်တွေ ရှိသလို ရွက်ပုန်းသီးလူငယ်များလည်း  ရှိနေပြန်ပါသည်။

Vannex တောက်ပလာတာ ကလေးမြို့သားတစ်ယောက်အနေနဲ့  တော်တော်လေးကို ဂုဏ်ယူမိပါတယ်။ သူဖြတ်သန်းခဲ့တဲ့ ဘဝတစ်ကွေ့တစ်လျှောက်ဘာတွေဖြစ်ပျက်ခဲ့တယ်။ အခက်အခဲများကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ အားလုံလည်း အသိပါ။ ဆိုတော့ ဒီနေရာမှာ သူ့အကြောင်းသိပ်ပြီးတော့ မပြောတော့ဘဲနဲ့ ဘာကြောင့်အောင်မြင်ရတယ်ဆိုတာ လူငယ်တွေ သိအောင်အတုယူဖွယ်ရာ ပိုရေးသားချင်ပါတယ်။ သူရဲ့ဖြစ်ချင်တဲ့ အရာပေါ်တစိုက်မတ်မတ် လုပ်နေမှု ကြီးကတော့ လုံးဝ အံ့မခန်းပါ။ သူ့ရည်မှန်းချက်ကိုက ကမ္ဘာကျော် Raper အဆိုတော်ဖြစ်ဖို့ပါ။ ဒီနေရာမှာ အဓိကအနေနဲ့ ကမ္ဘာကျော်ချင်နေတဲ့ လူတစ်ယောက်ဟာ ကမ္ဘာ့ဘာသာစကားကို မွတ်နေမှရမှာပါ။ လူငယ်တွေက ကမ္ဘာသာကျော်ချင်နေကြတာ ကမ္ဘာ့ common language တောင် သင်ဖို့ဝန်လေးနေကြတယ်။ ပြီးတော့ Vannex ဟာ သူဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်ကို အတိအကျ သိနေပါတယ်။ ဆိုတော့ ကိုယ်ကဟိုဟာဖြစ်ချင်သလိုလို ဒီဟာဖြစ်ချင်သလိုလိုနဲ့ အီယောင်ဝါးဖြစ်နေတာက တော်တော်ဆိုးပါတယ်။

ပြီးတော့ Media ကဏ္ဍလည်းတော်တော် အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Vannex က Rap ဝါသနာရှင် နိုင်ငံခြားသားတွေက ကောင်းတယ်ဆိုပြီး Reaction လုပ်ရာကနေပြီးတော့ အောင်မြင်မှု အစပြုတာလို့ဆိုရပါမယ်။ ဒါပေမယ့် ၂၀၂၂ မှာ itune ရဲ့ Top 22 စာရင်းရောက်တဲ့ EDM (Electric Dance Music) နိုင်ငံတကာတန်းဝင် မြန်မာနိုင်ငံသား ရဲမင်းဦး (ခ) Makkhus ကို ဘယ်သူမှ မသိကြပါဘူး။ သူက The way You are (အဲ့တုန်းက Reckon နာမည်)  နဲ့ပေါက်တာပါ။သူလည်း အဲ့အရွယ်တုန်းက ၁၅ နှစ်သာရှိပါသေးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကိုယှဥ်လိုက်ရင် media support က ဘယ်လောက် အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်။ ဆိုတော့ ၂၁ ရာစုမှာ social media ကို မေ့မထားသင့်တဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

ပြောချင်တာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဘူချပ်ဘူချပ် တစ်ရာတန်သုံးပုဒ်တန် Copy လောက်နဲ့ မြန်မာ့ Rap ကဘောင်ဝင်တန်းဝင် ဆိုပြီးဂျင်းထည့် ခဲ့သမျှကို လုပ်ချင်တာလုပ်လိုက်ပြီး အောင်မြင်မှုရနေတဲ့ လူငယ်များက သူ့တို့ဝါသနာကို အရင်းခံပြီး Myanmar drill နဲ့ အဆင့်မီမီ ရိုက်ချိုးပြလိုက်တာ ဝမ်းသာစရာပါ။

လူငယ်များကို အားပေးချင်ပါတယ်။ လုပ်ပါ။ဖြစ်လာမှာပါ။ အသက်ငယ်ငယ် နဲ့ အောင်မြင်တာ အသက်ရွယ်ရပြီးမှ အောင်မြင်မှုရတာပဲ ကွာပါလိမ့်မယ်။ ဇွဲမလျှော့နဲ့လိုပြောချင်ပါတယ်။ ဒီဆောင်းပါးဟာ ကျွန်တော့်ကို ကျွန်တော်လည်း အားပေးတာဖြစ်သလို ကျွန်တော့်လို လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်လည်း ရည်ရွယ်ပါတယ်။ ဆက်လက်ကြိုးစားရအောင်ပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ရိုက်နှက်ခံရတဲ့ ပုံစံခွက်တွေဟာ မှားနေကြောင်း သက်သေပြရအောင်။ လုပ်သင့်တာနဲ့ အချိန်မကုန်ဘဲ လုပ်ချင်တာ လုပ်ကြရအောင်။ အောင်မြင်မှုကို ဆွတ်ခူးကြရအောင်။



နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်