လောင်တလိုင်ခရိုင်အတွင်း ထိန်းချုပ်မှုမဲ့ကုန်သွယ်မှုလုပ်ငန်းများဟာ စိုးရိမ် စရာဖြစ်လာ

ဇန်နဝါရီ ၂၀၊၂၀၂၆။
Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ထိန်းချုပ်မှုမဲ့ကုန်သွယ်မှုလုပ်ငန်းများဟာ စိုးရိမ်စရာဖြစ်လာတယ် လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Donny Lalruatsanga က ပြောကြားလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့မှာ အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ခရိုင်ခန်းမမှာ တရားမဝင်ရွှေ့ပြောင်း နေထိုင်မှု၊ စည်းမျဉ်းမဲ့ကုန်သွယ်မှုလုပ်ငန်းများနဲ့သက်ဆိုင်တဲ့ကိစ္စများနဲ့ပတ်သက်ပြီး အစည်းအဝေးတရပ် ကျင်းပရာ ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း ဒုတိယကော်မရှင်နာက မိန့်ခွန်းပြောကြားရာမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တိုးပွားလာခြင်းနဲ့ ခရိုင်အတွင်း ထိန်းချုပ်မှုမဲ့ ကုန်သွယ်မှုလုပ်ငန်းများဟာ စိုးရိမ်စရာဖြစ်လာကြောင်း ၊ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာနက အခြေအနေကို ဖြေရှင်းရန် လိုအပ်သော အစီအမံများ ပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

Zalen ad

ခရိုင်နဲ့ ပြည်နယ်အတွက် ရေရှည်သက်ရောက်မှုများ ရှိနိုင်သောကြောင့် ခရိုင်အုပ်ချုပ်ရေး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျေးရွာကောင်စီများ၊ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့များ ပါဝင်တဲ့ ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ၎င်းက ပြောကြားကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်များကို ရည်ညွှန်းပြောဆိုနေစဉ် သင့်လျော်သော အရေးယူဆောင်ရွက်မှုများနှောင့်နှေးခြင်းက အနာဂတ်မှာ နောက်ထပ်စိန်ခေါ်မှုများကို ဖန်တီးနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

အစည်းအဝေးအတွင်း ပါဝင်သူများက ခရိုင်အချင်းချင်း ပူးတွဲအစည်းအဝေးတခု ကျင်းပပြီး အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ရန်နဲ့ ရုတ်တရက်စစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပြုခဲ့ကြပါတယ်။ဒါ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် စံသတ်မှတ်ထားသော လုပ်ငန်းလည်ပတ်မှုလုပ်ထုံးလုပ်နည်း ရေးဆွဲရေးကော်မတီတရပ် ဖွဲ့စည်းရန်လည်း ဆုံးဖြတ်ခဲ့ကြကာ ကော်မတီအား ဖေဖော်ဝါရီလလယ်မှာ အပြီးသတ်ရန် တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးနဲ့ ဈေးကွက်ရှာဖွေရေးဆိုင်ရာကိစ္စရပ်များမှာ လိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ အာဏာပိုင် များအနေဖြင့် ပြည့်စုံပြီး ထိရောက်တဲ့ လုပ်ထုံးလုပ်နည်းစနစ် ( System of Procedure – SOP ) တခုပြင်ဆင်နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် တိုက်တွန်းခံထားပါတယ်။

အဆိုပါအစည်းအဝေးအတွင်း ရဲဌာန၊ အာသံရိုင်ဖယ် ၊ အခွန်ဌာန၊ လိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီ၊ ၊ဗဟိုလိုင်လူငယ်အသင်း၊ မီဇိုရမ်သတင်းစာဆရာအသင်း လောင်တလိုင်၊ ကျေးရွာကောင်စီအသင်း၊ ကျေးရွာကောင်စီဥက္ကဋ္ဌများ၊ IR တပ်ရင်း ၃၊ လိုင်အမျိုးသမီးအသင်း၊ မီဇိုအမျိုးသမီးအသင်း၊ လိုင်လူကြီးများအသင်း နဲ့ မီဇိုလူကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ် လို့သိရပါ တယ်။

ကိုးကား – Northeast Today
သတင်း – Mickey
ပုံအညွှန်း – ခရိုင်ခန်းမအတွင်းအစည်းအဝေးမြင်ကွင်း
ဓါတ်ပုံ – Northeast Today

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်