လောင်တလိုင်မှာ စစ်ဘေးရှောင်အိမ်ထပ်မံဖောက်ထွင်းခံရပြီးတစ်လကျော်အတွင်း ငါးအိမ်မြောက်ဖောက်ထွင်းခံ ရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ ချင်းစစ်ဘေးရှောင်အိမ်တစ်လုံးကို ယမန်နေ့နိုဝင်ဘာလ ၁၂ ရက်မှာဖောက်ထွင်းခံ ရပြီး တစ်လကျော်အတွင်း စစ်ဘေးရှောင်အိမ် ငါးကြိမ်မြောက်ဖောက်ထွင်းခံရခြင်းဖြစ်တယ်လို့သိရပါတယ်။

လောင်တလိုင်မြို့၊ အမှတ် ၄ ရပ်ကွက်မှာအိမ်ဌားနေတဲ့ ချင်းစစ်ဘေးရှောင်အိမ်တစ်လုံးဟာ မနေ့မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာ ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီးတော့ တန်ဖိုးကြီးချင်းရိုးရာဝတ်စုံတွေခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

ခိုးယူခံခဲ့ရတဲ့ အိမ်ပိုင်ရှင်က “ ကျွန်တော်တို့ရဲ့တူက ကလေးမွေးလို့ ထမင်းအတူစားကြမယ်ဆိုပြီး အိမ်အောက် ဆင်းတဲ့အချိန်မှာ သူခိုးကဝင်ခိုးသွားတာပါ။ ဒီဘက်မှာ ဆေးသမားအရမ်းပေါတယ်လေ သူတို့ပဲဖြစ်မှာပါ။ နေ့ခင်း ကြောင်တောင်ဝင်ခိုးကြတာတော့အံ့ဩတယ်။အိပ်ခန်းထဲက သေတ္တာတွေကိုအကုန်မွှေနှောက်ပြီးတော့ ပိုက်ဆံ မတွေ့ကြလို့ဖြစ်မယ် ချင်းရိုးရာအထည်တွေမသွားတာပဲ။”လို့ Zalen ကိုပြောပါတယ်။

အခိုးခံလိုက်ရတဲ့ ချင်းရိုးရာအထည်တွေကတော့ ချင်းအခေါ် ( Par Borh ) ဝမ်းဆက် ၊ ( Khup Tang Tial ) ထမိန် တစ်ထည် နဲ့ မီဇိုးထမိန်တစ်ထည်တို့ဖြစ်ပြီးတော့ တန်ဖိုးအားဖြင့် ရူပီး ၃၅၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေစလို့ မနေ့နိုဝင်ဘာလ ၁၂ ရက်နေ့အထိ တစ်လကျော်ကြာကာလ မှာ လောင်တလိုင်မြို့တွင်းမှာ အိမ်ဌားနေတဲ့ ချင်းစစ်ဘေးရှောင်အိမ် ငါးအိမ်အထိ ဖောက်ထွင်းခံခဲ့ရတယ်လို့သိ ရပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်မှာ အမှတ် ၄ ရပ်ကွက်ရှိ ချင်းစစ်ဘေးရှောင်အိမ်နှစ်အိမ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ စျေးရပ်ကွက်ရှိ စစ်ဘေးရှောင်အိမ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အမှတ် ၃ ရပ်ကွက်ရှိ စစ်ဘေးရှောင်အိမ် နဲ့ ယခု အမှတ် ၄ ရပ်ကွက်ရှိ စစ်ဘေးရှောင်အိမ်များ ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ကာ ဖုန်း၊ ပိုက်ဆံ နဲ့ ချင်းရိုးရာအထည်များပါသွားတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်