ဝေဘူလမြို့အဝင် CDF Zanniat ဂိတ်ကြေးပိုမိုကောက်ခံလာသဖြင့် ကားသမားများ အခက်တွေ့

အောက်တိုဘာ ၂၂ ၊ ၂၀၂၅

Zalen

အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အဝင်ဂိတ်မှာ CDF Zanniat ကဆက်ကြေးကို အရင်ကထက် ပိုတိုးပြီးကောက်ခံလာတယ်လို့သိရပါတယ်။

မိုးရာသီမှာ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးလိုကားကြီးတွေ ဖြတ်သန်းသွားလာတာများပြီး လမ်းတွေပျက်ဆီး တာတွေများလာတာကြောင့် လမ်းပြုပြင် ဆောင်ရွက်ရန် အခုလိုဆက်ကြေးကို အရင်ကထက် ပိုကောက်ခံ လာတယ်လို့လဲ သိရပါတယ်။

ဆယ်နှစ်ဘီးတစ်စီးကို အရင်က ၅ သိန်းခွဲကောက်ခံရာ ယခု ၈ သိန်းကောက်ခံပြီး၊ ဆယ်ဘီး တစ်စီးကိုအရင်က၅ သိန်းကနေ ယခု ခုနစ်သိန်း၊ ခြောက်ဘီးကားတွေကျတော့ အရင်၃သိန်းခွဲကနေ ၅ သိန်းအထိ တိုးမြင့်ကောက်ခံလိုက်ပြီလို့သိရပါတယ်။

“ အခုလို ရုတ်တရက်ကြီး ဆက်ကြေးမြင့်တက်သွားတော့ တော်တော် အဆင်မပြေဘူးဗျ။

အခု ဆက်ကြေးပေးပြီးတာတောင် ပေးမသွားခိုင်းသေးဘူး။ ကားကြီးတွေ ဝေဘူလမှာ ထပ်သောင်တင်ရအုန်းမယ် ထင်တယ်။ ကား‌ေပါ်မှာအိပ် လမ်းဘေးမှာ ထမင်းဟင်းချက်စားကြရတာအဆင်‌မ‌ေပြဘူး” လို့ကားကြီးမောင်းသမားတွေကပြောပါတယ်။

မိုးတွင်းအခုလို လမ်းတွေ ဆိုးရွားပြီး မြေပြိုတာ ကားတွေ ဆက်မသွားနိုင်ဘဲ လမ်းမှာ ငါးရက်မှ ဆယ်ရက်အထိ ကားတွေ ပိတ်မိနေတာမျိူးလဲ ကြုံတွေ့နေရပါတယ်။

“ကားတစ်စီး လမ်းမှာ ပျက်ရင် နောက်ကားတွေလည်း ရှေ့မတိုးနိုင် ကားဆွဲဖို့ JCB ငှားရမ်းခ ကလည်း တစ်စီးကို ကားသေး ကားကြီးအလိုက်ပေါ့ ငါးသောင်းကနေ တစ်သိန်း ပေးနေရတယ်ဗျ။ JCB စက်ကြီးမအားရင်ကားကြီးအချင်းချင်းကားလွတ်‌‌ေအာင်ပြန်ဆွဲကူ ကြရတာ။ ကလေးကနေ တီးတိန်တစ်ခါသွားတာ တစ်လနီးပါးကြာတယ်။ ဝေဘူလ အဝင်မှာ သူတို့က ဆက်ကြေးကောက်တယ်။ ၅မိုင်လောက်အကွာမှာ သူတို့ကပဲ ဂိတ်ထိုးပြီး တစ်သိန်းထပ်ကောက်ကြတယ်။ အရင်‌ညက ဆယ့်နှစ်ဘီးတစ်စီးနောက်ကျမှ ဝေဘူလကို ဝင်လာတယ်။ ဂိတ်က‌‌ေပးမသွားခိုင်း‌ေသးဘူးဒီမှာပဲ ညအိပ်ခိုင်းတာကို ကားသမားက ညတွင်းချင်း ဆက်တက်သွားတယ် မနက်ကျတော့ ရာလ်‌အွမ်ရွာက‌ေန တာဝန်ရှိသူတွေထင်တယ် ဒဏ်‌ေကြးထပ်‌ေဆာင်ခိုင်းတယ်” လို့ ကားဒရိုင်ဘာ တစ်ဦးက ပြောပါတယ်။

ဝေဘူလ မြို့ခံတစ်ဦးမှလဲ “ ကားကြီးသမားတွေ ဒီနေ့ မနက်မှာပဲ လာရာလမ်းအတိုင်း ကလေးမြို့ဘက် ပြန်ဆင်းကုန်ကြပြီ။ သူတို့ကို ပေးမသွားဘဲ ဒီမှာပဲ ဆက်နားခိုင်းထားလို့ ကားကြီးသမားတွေ ဒီမနက်အစောကြီး မိုးမလင်းသေးဘူး ပြန်လှည့်ကုန်ကြပြီ။ ကားကြီး၁၂စီးလောက်ရှိမယ်။ ပေးပြီးသားဂိတ်ကြေး တွေ ပြန် အမ်း မအမ်းတော့မသိဘူး” လို့ပြောပါတယ်။

စက်တင်ဘာ လလောက်မှာလဲ ကားလမ်းတွေ မြေပြိုပီး အဆင်း အတက် ကားတွေ ပိတ်မိနေတာကြောင့် ဝေဘူလ မြို့မှာပဲ ကားကြီး ကားငယ်တွေ ခုနှစ်ရက်လောက် သောင်တင်ခဲ့တယ်လို့လဲ သိရပါတယ်။

မေလ ၁၈ရက် မှ စပြီး စစ်ကောင်စီ ရဲ့ ကလေး – သိုင်းငင်းလမ်းကို စစ်ကြောင်း ထိုးလာပြီးနောက်ပိုင်း

အခုလို ကလေး-ဝေဘူလ ကားလမ်းမကို ပြန်အသုံးပြုနေကြတာဖြစ်ပြီး မိုးရာသီမှာ ၁၀ဘီးအထက်ယာဉ်တွေမပိတ်ပင်ပဲ သွားခွင့်ပြုတာကြောင့် ကားလမ်းတွေ အရင်ကထက် ဆိုးဆိုးရွားရွားပျက်စီးလာတာ ဖြစ်ပါတယ်။

သတင်း- Mawi Pi

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ ဒေသခံ တစ်သောင်းကျော်တိမ်းရှောင်နေရ၊ အရေးပေါ် အကူအညီလိုအပ်နေ

အောက်တိုဘာ ၂၂၊ ၂၀၂၅ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ကလေး-တမူး လမ်းမနဲ့ ကလေး-ဂန့်‌ဂေါလမ်းမကြီးတို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ၀င်ရောက်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။ ကလေး မြောက်ပိုင်းနဲ့ တောင်ပိုင်းက ...

ဆက်ဖတ်ရန်