သစ်၊ ထင်း၊ မီးသွေး များကိုခုတ်ယူမယ်ဆို ကြိုတင်အသိပေးရမယ်လို့ CDF-Hakha ဆို

၂၅၊ ဧပြီလ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ဟားခါးမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ ဟားခါးမြို့နယ်အတွင်း သစ်၊ ထင်း နဲ့ မီးသွေးများကို ခုတ်ထစ်ထုတ်လုပ်မယ်ဆိုရင် ကြိုတင်အသိပေးရမယ်လို့ CDF-Hakha ဗဟိုမြေယာနဲ့ သစ်တော်ဌာနက ဧပြီလ ၂၂ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဟားခါးမြို့တွင်းအပါအဝင် ဟားခါးမြို့နယ်မှာရှိတဲ့ ဇိုခွါဒေသ နဲ့ မီအယ်ဒေသ တို့မှာ မိမိသုံးဖို့၊ ဘာသာရေးမှာ သုံးဖို့နဲ့ ပြည်သူအကျိုးပြုနေရာတွေမှာသုံးဖို့ သစ်၊ထင်းနဲ့ မီးသွေး များကိုထုတ်လုပ်မယ်ဆိုရင် သက်ဆိုင်ရာဒေ သများရှိ ဒေသမြေယာနဲ့ သစ်တောအတွင်းရေးမှူးထံ ဥပဒေ၊နည်းဥပဒေများအရ ၅ ရက်ကြိုတင်လျှောက်ထား ရမယ်လို့ဆိုပါတယ်။

ယခုလို့ CDF-Hakha ရဲ့ထုတ်ပြန်ချက်အပေါ် ဟားခါးမြို့ဒေသခံတစ်ဦးက “အခုလို ထုတ်ပြန်လာတာ ကောင်း တယ်လို့မြင်ပါတယ်။ဘာလို့ဆို လုံးဝပိတ်တာမျိုးမဟုတ်ဘဲ အသိပေးခိုင်းတာဆိုတော့ သစ်တောထိန်းသိမ်း ဖို့ပဲဖြစ်မှာပါ။ အခုခေတ်က ချိန်းစော်း (စက်လွှ)တွေပေါ်ပြီဆိုတော့ အိမ်မှာသုံးဖို့ ထင်းခွေတာဖြစ်ဖြစ်၊ မီး သွေးအတွက်ဖြစ်ဖြစ် သစ်တွေထုတ်လုပ်ရာမှာ အရင်ကထက်အများကြီး ပိုမြန်သလိုလွယ်ကူသွားပြီ ဆိုတော့ ထိန်းထိန်း သိမ်းသိမ်းမလုပ်ရင် ဒီထက်သစ်တောပြုန်းသွားဖို့ပဲရှိတယ်လေ၊ အခုလို့ ထိန်းသိမ်းပေးမယ့် အဖွဲ့အစည်းရှိတာ ကောင်းတယ်လို့မြင်ပါတယ်” လို့ဆိုပါတယ်။

ဟားခါးမြို့နယ်အတွင်းကနေ တစ်ခြားပြည်နယ်၊ဒေသတွေကို သစ်၊ ထင်း နဲ့ မီးသွေးများကို သယ်ယူပို့ဆောင် မယ်ဆိုရင် ဗဟိုမြေယာနဲ့သစ်တော်ဌာန ဆီကို ၄ ရက်ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး မျှောစာ မပါတဲ့ သစ်များနဲ့ တရားမဝင်သစ်များကို သက်ဆိုင်ရာဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF-Hakha ဗဟိုမြေယာနဲ့သစ်တောဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်