သမ္မတဒေါ်နယ်ထရမ့်အမိန့်ကြောင့် ဒုက္ခသည်တစ်သောင်းရဲ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရ

၂၃၊ ဇန်နဝါရီ၊ ၂၀၂၅

Zalen

အမေရိကန်နိုင်ငံကို အခြေချဖို့ လေယာဉ်လက်မှတ်ရထားတဲ့ ဒုက္ခသည်တစ်သောင်းခန့်ရဲ့ ခရီးစဉ်တွေကို ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် ဖျက်သိမ်းခံခဲ့ရတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။

ဒါဟာ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ကျမ်းကျိန်တဲ့နေ့မှာပဲ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ ဒုက္ခသည်လက်ခံရေးအစီအစဉ် ဆိုင်းငံ့ဖို့ အမိန့်ကြောင့် ဖြစ်တယ်လို့ CNN သတင်းက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဖော်ပြပါတယ်။

Zalen ad

အဲဒီဒုက္ခသည်တွေဟာ အမေရိကန်မှာအခြေချခွင့်အတွက် အတည်ပြုချက်ရထားပြီးဖြစ်သလို ခရီးထွက်ဖို့ လေယာဉ်လက်မှတ်ရထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖျက်သိမ်းလိုက်ရတဲ့ ဒုက္ခသည်တွေက ဘယ်နိုင်ငံတွေကလဲ ဆိုတာ မသိရသေးပေမဲ့ ယေဘုယျအားဖြင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကွန်ဂို၊ ဗင်နီဇွဲလား နဲ့ ဆီးရီးယားအပါအဝင် နိုင်ငံအများအပြားက ဒုက္ခသည်တွေ လာရောက်ကြတာလို့ဆိုပါတယ်။

“ ထရမ့်က သူကြေညာထားသလို လုပ်လိုက်တာပါပဲ၊ အရင်ကတည်းက သူက ဒုက္ခသည်တွေကို မလိုလားတဲ့ သဘောပြနေတာလေ။ လက်ရှိတော့ နောက်ထပ် လာဖို့ကတော့ သူဆင်းသွားမှပဲ ထပ်လက်ခံမလားမသိသေးဘူး။” လို့ အမေရိကန်ရောက် မြန်မာတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အတည်ပြုထားပြီးတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တဲ့အပြင် နောက်ထပ်ခရီးစဉ်အသစ်တွေလည်း လက်ခံမှာမဟုတ်ဘူးလို့ သတင်းက ဖော်ပြပါတယ်။

အရင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာတော့ တစ်နှစ်ကို ဒုက္ခသည် ၁၂၅,၀၀၀ လက်ခံခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်