ဟားခါးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်မှ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ ၂၁၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသရှိ ဇာထာလ်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့ မနက်ပိုင်း မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Senthang Central Council က ဒီကနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက်ပိုင်း ၁၂ နာရီ ၅၅ မိနစ် နဲ့ ၁ နာရီ ၃ မိနစ် တို့မှာ စာသင်ကျောင်းအနီးမှာ နှစ်ကြိမ်ဗုံးကြဲခဲ့တာပါ။

Zalen ad

ယခုလိုအကြမ်းဖက်စစ်တပ်က စာသင်ကျောင်း၊ ကလေးသူငယ်များနဲ့ မိဘပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတဲ့လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

Senthang Central Council ရဲ့ ထုတ်ပြန်ချက်ထဲမှာ စကစရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်၊ အပျက်အစီး စာရင်းကိုမူအတိအကျဖော်ပြထားခြင်းမရှိပါ။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်အောက်မြင်နိုင်ရေးအတွက် ပြည်သူလူထုအပေါ် အကြမ်းဖက်နည်းဖြင့် ခြိမ်းခြောက်ခြင်းနဲ့ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေတာကြောင့် သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲမှမပါကြရန်၊ ကျောင်းများအားလုံးပိတ်ရန် နဲ့ လူစုလူဝေးနဲ့ပွဲလမ်းသဘင်များ အတက်နိုင်ဆုံး ရှောင် ကြဉ်ကြရန် အသိပေးထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်