ဟားခါးမြို့ မီးလောင်းလို့ လူသုံးယောက်သေဆုံး

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ ဒီမနက် (၂)နာရီခန့်မှာ လူနေအိမ်နဲ့ဆိုင်ခန်းတွဲထားတဲ့ အိမ်(၂)လုံးမီးလောင်းလို့ လူသုံးယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo: Chan Fiang

မီးလောင်းသေဆုံးသူတွေကတော့ ပုလဲစတိုး(၁)မှာနေထိုင်တဲ့ သက်ကြီးပိုင်းအဘွားတစ်ယောက်၊ အသက်(၉၀)အရွယ်အဘွားအိုတစ်ယောက်နဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

“မီးစလောင်တာကတော့ မီးဖိုထဲကစလောင်တယ်လို့သိရတယ်”လို့ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မနက် (၅)နာရီ ခန့်မှာ မီးသတ်နဲ့ပြည်သူတို့ပူးပေါင်းပြီး မီးငြိမ်းနိုင်ခဲ့ပါပြီ။

Zalen ad
Photo: Chinland Post

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်