ဟိုလီပွဲတော်အတွင်း ပဋိပက္ခဖြစ်ပွားပြီး လူတဦးသေဆုံးရာမှ Uttam Nagar တွင် တင်းမာမှုမြင့်တက်

မတ် ၁၀၊ ၂၀၂၆

Zalen

Zalen ad

Delhi မြို့ အနောက်ပိုင်းရှိ Uttam Nagar ဒေသတွင် Holi Festival ကျင်းပနေစဉ် မိသားစုနှစ်စုအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားပြီးနောက် ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ပဋိပက္ခသည် ကလေးများ ဟိုလီပွဲတော်ကစားနေစဉ် မတော်တဆ ပစ်ချခဲ့သော ရေပူဖောင်းတလုံးကြောင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယတူဒေးသတင်း ဖော်ပြချက်အရ သိရှိရပါတယ်။

သတင်းများအရ အသက်၉နှစ်အရွယ် မိန်းကလေးတဦးက အိမ်ခေါင်မိုးပေါ်မှ ပစ်ချလိုက်သည့် ရေပူဖောင်းဟာ လမ်းပေါ်ရှိ အမျိုးသမီးတဦးအပေါ် ကျရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အငြင်းပွားမှု စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုက ချက်ချင်း တောင်းပန်ခဲ့သော်လည်း နာရီဝက်ခန့်အကြာတွင် လူအုပ်တစုဟာ တုတ်များနဲ့ ကျောက်ခဲများကို ကိုင်ဆောင်ကာ မိသားစုအပေါ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါအချိန်တွင် ပဋိပက္ခအကြောင်း မသိသေးတဲ့ အသက် ၂၆ နှစ်အရွယ် Tarun သည် ဟိုလီပွဲတော်ကစားပြီးနောက် အိမ်သို့ ပြန်လာစဉ် လူအုပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့သည့် Uttam Nagarသည် ဒေလီမြို့အတွင်း လူနေထူထပ်သည့် ရပ်ကွက်တခုဖြစ်ပြီး စျေးဆိုင်များ၊ အသားငါးရောင်းချသည့် ဆိုင်များ အများအပြား တည်ရှိတဲ့နေရာအဖြစ်လည်း လူသိများပါတယ်။ ထိုဒေသတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများလည်း ရှိနေတယ်လို့သိရှိရပါတယ်။

ဖြစ်ရပ်အပြီးတွင် ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အချို့အဖွဲ့အစည်းများက ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့သည် ယခုအချိန်အထိ သံသယရှိသူ ၆ဦးကို ဖမ်းဆီးထားပြီး CCTV မှတ်တမ်းများကို စစ်ဆေးကာ အခြား ပါဝင်ပတ်သက်သူများကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရ။

“မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေပြီး စျေးသွားဝယ်ယူရာ ဒေသဖြစ်သောကြောင့် အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတိထားကြရန် လူမှုမီဒီယာများတွင်လည်း သတိပေးမှုများ ထွက်ပေါ်လာနေပါတယ်။”

Zaya Moon

ဓာတ်ပုံ-လူမှုကွန်ယက်

#Delhi#Holicase#UttamNagar#Zalen

နောက်ဆုံးရသတင်းများ

ကမ္ဘာလုံးဆိုင်ရာဖလမ်းလူငယ်အဖွဲ့အစည်း ( GFYO ) ခေါင်းဆောင်များရွေးချယ်တင်မြှောက်

မတ် ၁၀ ၊ ၂၀၂၆ Zalen ကမ္ဘာလုံးဆိုင်ရာဖလမ်းလူငယ်အဖွဲ့အစည်း ( Global Falam Youth Organization – GFYO ) အတွက် ခေါင်းဆောင် သစ်များရွေးချယ်မြှောက်ပြီးစီးကြောင်း ဒီကနေ့မှာ အသိပေးထားပါတယ်။ လက်ရှိမှာ ...

ဆက်ဖတ်ရန်