အမေရိကန်ပြည်ထာင်စု ဟာ၀ါရီကျွန်းမှာ လာမယ့် စက်တင်ဘာ ၁၂-၁၄ ရက်အထိ ပြုလုပ်မယ့် 19th ADMM-Plus Maritime Security Conference နဲ့Future Leaders’ Programme သို့ တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားထားတဲ့အပေါ် ကန့်ကွက်ကြောင်း Defend Myanmar Democracyကစက်တင်ဘာ ၇ ရက်က စာပေးပို့ထားပါတယ်။
ယင်းစာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ထံ လိပ်မူပေးပို့ခဲ့တာဖြစ်ပြီး ၊ နိုင်ငံခြားရေးနှင့် ကာကွယ်၀န်ကြီးများထံသို့လည်း မိတ္တူပေးပို့ခဲ့ပါတယ်။
ဒီ စစ်ဘက်ဆိုင်ရာ ညီလာခံ ကနေ စစ်ရာဇ၀တ်မှုနှင့် နှင့် လူးသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ကို ဖယ်ထုပ်ပေးဖို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုသို့ Defend Myanmar Democracy က စာပေးဖို့ခဲ့တာပါ။
၎င်းတို့ ပေးပို့တဲ့စာထဲတွင် ဟာဝိုင်ရီမှာ ကျင်းပမယ့် ADMM-Plus အစည်းအဝေးတွေကနေ မြန်မာစစ်တပ်ကို ဖယ်ထုတ်ဖို့၊ ဒါမှမဟုတ် ဒီပွဲကို ဖျက်သိမ်းဖို့နဲ့ မြန်စစ်တပ်ကို အမေရိကန်ပြည်ထောင်စုက တခြားသော ပံ့ပိုးကူညီမှုပုံစံ- နိုင်ငံရေး၊ ငွေကြေး ဒါမှမဟုတ် တခြားနည်းနဲ့ ပံ့ပိုးမပေးရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါတယ်လို့ဖော်ပြထားတယ်။
အမေရိကန်ပြည်ထောင်စု က ဒီမိုကရေးစီရေးနှင့် မြန်မာပြည်သူတွေနဲ့ ရပ်တည်ကြောင်း အမြဲပြောခဲ့သဖြင့်ဒီမိုကရေးစီရေးနှင့် မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ကျင်းပမည့် အစည်းအဝေးတွင် ရာဇ၀တ်စစ်ခေါင်းဆောင်များကို ဖယ်ထုတ်ရန် တောင်းဆိုခြင်းဖြစ်ပါတယ်။