အမျိုးသမီးစစ်မှုထမ်း စာရင်းစာတင်ကောက်ယူနေပြီး အိမ်ထောင်သည်နဲ့ ကလေးအမေတွေ ပါဝင်နေ

၂၈၊ ဇန်နဝါရီ၊ ၂၀၂၅

Zalen

ရန်ကုန်တိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းတက်ဖို့ အမျိုးသမီးလူဦးရေ စာရင်းကို ဇန်နဝါရီ တတိယအပတ်ကတည်းက စတင်ကောက်ယူနေပြီး အဲဒီစာရင်းတွေထဲမှာ အိမ်ထောင်သည် အမျိုးသမီး တွေနဲ့ လသားကလေးငယ်တွေရဲ့ မိခင်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရှိတဲ့ အမျိုးသမီးစာရင်းကို အိမ်ထောင်စုစာရင်းထဲက ကောက်ယူပြီး စစ်မှုထမ်းဖို့ စာရင်းသွင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့က သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ သန်လျင်၊ သုံးခွ၊ ခရမ်းစတဲ့ မြို့နယ်တွေမှာ ကောက်ယူနေပြီး စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်သူ တက္ကသိုလ်ကျောင်းသူတွေနဲ့ အထက်တန်းကျောင်းသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ ကျွန်မ အိမ်ထောင်သည် ဖြစ်ပေမယ့် စာရင်းပါနေတယ်၊ ဒီလကုန်လို့ နောက်လကျရင် မဲနှိုက်ရမယ်လို့ ပြောတယ်။ လက်ရှိ ကျွန်မတို့ ဘေးအိမ်သူလည်း ကလေးမွေးထားတာ သုံးလပဲ ရှိသေးတယ်၊ အကုန်စာရင်းထဲပါနေတယ်။ ဒီကိစ္စကို စိုးရိမ်ရလွန်းလို့ အိပ်လို့တောင် မရဘူး။ ” လို့ စစ်မှုထမ်းစာရင်းမှာ ပါနေတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်က အသက် ၂၇ နှစ်အထိ အကျုံးဝင်ပြီး အိမ်ထောင်သည်တွေ၊ ကလေးရှိ မိခင်တွေ ကင်းလွတ်ခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အမျိုးသားစစ်မှုထမ်းစာရင်းကောက်ယူရာမှာလည်း စစ်မှုထမ်းကြေးဆိုပြီး လူတစ်ယောက်ကို သုံးသောင်းကနေ ငါးသောင်းအထိ ကောက်ခံမှုမျိုးတွေ ရှိနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်