အမျိုးသမီးများကို တက္ကသိုလ်တက်ခွင့် တာလီဘန်ပိတ်ပင်ပြီးနောက် အာဖဂန်တွင် အမျိုးသမီးများ ဆန္ဒပြ

ဒီကနေ့ ကြာသပတေးနေ့တွင် အာဖဂန်မြို့တော်ဖြစ်တဲ့ ကာဘူလ်းမြို့မှာတော့ တာလီဘန်က အမျိုးသမီးများ တက္ကသိုလ်တက်ခွင့်ပိတ်ပင်လိုက်ပြီးနောက် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်များ ထိန်းချုပ်ပြီးနောက် ဆန္ဒပြမှု တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တွင် တာလီဘန်လက်အောက်က အုပ်ချုပ်ရေးတာဝန်ရှိသူများရဲ့ ပြောကြားချက်အရ တတိယတန်းတက်ရောက်နေသော မိန်းကလေးများကို ကျောင်းကနေ ဖယ်ရှားမည်ဟု ပြောခဲ့ပြီးနောက် တက္ကသိုလ်တက်နေကြသော အမျိုးသမီးများ ရက်အနည်းငယ်အကြာအတွင်း ဖယ်ရှားခံရတာဖြစ်ပါတယ်။

မျက်မြင်သူများရဲ့ ပြောကြားချက်အရ အနည်းဆုံး အမျိုးသမီး ဆန္ဒပြသူ အယောက် ၅၀ ခန့်ဟာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး “ပညာရေးဟာ ကျွန်မတို့ရဲ့ လူ့အခွင့်အရေး၊ တက္ကသိုလ်များ ဖွင့်ပေးပါ” ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြကြောင်း ဆိုပါတယ်။

တာလီဘန်အုပ်ချုပ်ရေး တာဝန်ရှိသူများဟာ မိန်းကလေးများ အထက်တန်းကျောင်တက်ခွင့်ကို ပြီးခဲ့တဲ့ မတ်လ ကျောင်းဖွင့်ချိန်တွင် မပေးခဲ့သောကြောင့် နိုင်ငံခြားအစိုးရများ၏ ဝေဖန်မှုကို ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။

Zalen ad

အာဖဂန်တွင် တာလီဘန်များ ထိန်းချုပ်လာပြီးနောက် နိုင်ငံတစ်ဝှမ်း ကြီးမားသော ဆန္ဒပြမှုများ မရှိသလောက်ဖြစ်လာခဲ့ပြီး ဆန္ဒပြမှုအများစုဟာ တာလီဘန်များ၏ အတင်းအကျပ်ပိတ်ဆို့ခြင်း ခံရပါတယ်။

အာဖဂန်အထက်တန်းပညာရေးတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ အမျိုးသမီးများအတွက် တက္ကသိုလ်ကျောင်းပိတ်ခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းရန် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်