အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council – MTC က ဇွန်လ ၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

တတိယအကြိမ် မာရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ MTC/MDF ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ရာအဆိုပါအချက်တွေကို အတည်ပြုနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဆိုပါ အစည်းအဝေးမှာ ပြည်တွင်းပြည်ပက ဗဟိုကောင်စီဝင်များ၊ CDM အစု အဖွဲ့များ၊ အမှုဆောင်စီမံ အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟို ကောင်စီ ဝင်များ လူမှုရေးအသင်းအဖွဲ့မှအထူးဖိတ်ကြားထားသူများ နဲ့ လေ့လာစောင့်ကြည့်သူ များအပါအဝင် စုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ကြရာ ဗဟိုကောင်စီအစည်းအဝေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ တယ်လို့ဆိုပါ တယ်။

ဗဟိုကောင်စီအစည်းအဝေးမှာ မာရာနယ်မြေအားလုံးကိုအမြန်ဆုံးထိန်းချုပ်နိုင်ရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေး နဲ့ ဆိုင်တဲ့ အဆိုပေါင်း ၂၀ ကိုဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြပြီး မာရာ ပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲပြီးဘယ်သူမဆို စစ်မှုထမ်းရမယ့်အဆိုကိုလည်း အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယင်းအစည်းအဝေးမှာအတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသား၊ အမျိုးသမီးများပါဝင်မှာဖြစ်ပြီး မိမိ ဒေသ၊ကျေးရွာ လုံခြုံရေးတွေတာဝန်ယူနိုင်ဖို့ အဓိကရည်ရွယ်ပြီး လုပ်ထားခြင်း ဖြစ်ကာ အရေးကြုံလာရင်လည်း တာဝန်အပြည့်ထမ်းဆောင်နိုင်ကြဖို့ အရံတပ်ဖွဲ့အနေနဲ့ ရည်ရွယ်တာဖြစ်တယ်လို့ MTC/MDF တာဝန်ရှိသူ ထံကသိရပါတယ်။

“ ၁၈ နှစ်ကနေ ၄၅ နှစ်ကြားအမျိုးသား၊ အမျိုးသမီးများအတွက် အကျုံးဝင်ပါတယ်။ ဒီဟာက ဒုတိယအကြိမ် မာရာပြည်သူ့ညီလာခံကောင်စီကတည်းက All Village Association တွေကလာတင်ပြကြတာရှိတယ်ပေါ့နော်။ စစ်မှုထမ်းရမယ်ဆိုတဲ့ထဲမှာ ( Reserve Force ) အရံတပ်ဖွဲ့အနေနဲ့ သင်တန်းကိုတော့လုံးဝ ၄၅ ရက်လောက်တက် ပြီးမှ လိုအပ်တဲ့အချိန်မှာအချိန်မရွေး စစ်မှုထမ်းနိုင်ဖို့တင်သွင်းတဲ့အဆိုကိုကျွန်တော်တို့လည်း ဒီဟာကိုအကောင် အထည်ဖော်လာတာဖြစ်တယ်။ ဆိုတော့အခုလည်းတက်နေတဲ့သူတွေရှိတယ်။ပြီးတော့မတက်နိုင်သေးတဲ့သူတွေ ရှိတယ်။ ဒီဟာက အချိန်ပြည့်လက်နက်ကိုင်ရမယ်ဆိုတာမဟုတ်ဘဲနဲ့ အရံတပ်ဖွဲ့တွေဆိုရင် ကျေးရွာအုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့အတွက်၊ ထောက်ပို့၊ ကျေးရွာလုံခြုံရေးကိုအဓိကထားပြီးတော့ယူနိုင်ဖို့ ၁၈ နှစ်ကနေ ၄၅ နှစ်ကြားလူတွေအားလုံး စစ်သင်တန်းတက်ဖို့ အတည်ပြုထားတာဖြစ်တယ်။” လို့ Zalen ကိုပြောပါတယ်။

လက်လက်ပြီးသူက “စစ်မှုထမ်းဆိုတဲ့ထဲမှာတစ်ချို့ကနားမလည်လို့လန့်နေရတဲ့သူတွေရှိတယ်။သူတို့ကစစ် သင်တန်းကိုတက်မယ်ပြီးတော့ ကျေးရွာမှာ သူတို့အလုပ်ကိုသူတို့ပြန်လုပ်မှာပါ။တကယ့်အရေးကြုံမှခေါ်မယ့်လူ တွေပေါ့။အုပ်ချုပ်ရေး၊လုံခြုံရေးယန္တရားတွေပိုပြီးမှာ လည်ပတ်နိုင်အောင်လို့လုပ်တာဖြစ်တဲ့အတွက် လုံးဝမလို ချင်တဲ့သူတွေမရှိလောက်ပါဘူး။ တကယ်လို့ လုံးဝမထမ်းဆောင်ချင်တဲ့သူတွေရှိလာရင်တော့ဒါက ကောင်စီ အစည်းအဝေးကနေ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကောင်စီရဲ့ဆုံးဖြတ်ချက်ကိုပြန်ယူရပါလိမ့်မယ်။” လို့ ပြောပါတယ်။

အစည်းအဝေးမှာ မာရာနယ်မြေအုပ်ချုပ်ရေးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးနဲ့အခြားသောဌာန ဆိုင်ရာမှ အတွင်းရေးမှူးများက အစီရင်ခံစာများတင်သွင်းခဲ့ကြပြီး ဗဟိုကောင်စီအစည်းအဝေးမှာ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

အစည်းအဝေးမှာ ဗဟိုကောင်စီဝင်များကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ တွဲဖက် တရားသူကြီးတို့ကိုအတည်ပြုရယူခဲ့ကာ မာရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ပွဲအတွင်းရဲရင့်ပြီး အမိန့်နာခံမှု ကောင်းမွန်သူ ၃ ဦး နဲ့ နိုင်ငံတကာရောက် မာရာပြည်သူများထဲမှ စံပြထားထိုင်သူ ၃ ဦးတို့ကိုလည်း ဂုဏ်ပြုသဝဏ် လွှာများချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မရာပဋိညာဉ်အရ ဥပဒေမူကြမ်း ၃ ခုဆွေးနွေးခဲ့ကြရာ ဘဏ္ဍာရေးအက်ဥပဒေနဲ့ အခွန်အက်ဥပဒေတို့ကို အတည်ပြုနိုင်ခဲ့ပြီး ကျန်နေတဲ့ လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကိုဆွေးနွေးအသုံးပြုနိုင်ရေးအတွက် ဗဟိုကောင်စီအစည်းအဝေးက အလုပ်အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီထံ အာဏာလွှဲအပ်ခြင်းတို့ကိုဆောင် ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။

မာရာနယ်မြေအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖက်ဒရေဒီမိုကရေစီရရှိရေး ၊ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး နဲ့ မာရာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံတဲ့ နိုင်ငံရေးစနစ်တစ်ခုရရှိရန် ဆက်လက်ကြိုးစားအားထုတ် မယ်လို့ဆိုလို့ သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်း -Mickey

ပုံစာ- MDF စစ်သားတစ်ဦးအလံကိုင်ပြီး သစ္စာဆိုနေစဉ်

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်