အာရက္ခတပ်တော်(AA)ထံ စစ်မှုမထမ်းလိုတဲ့ ပလက်ဝမြို့နယ်က ဒေသခံ အယောက် ၄၀ ကျော် မီဇိုရမ်ဘက် ထွက်ပြေး

၁၊ မေ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်(AA) ရဲ့ လူသစ်စုဆောင်းမှုကြောင့် ဒေသခံပြည်သူ အယောက် ၄၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပလက်မြို့နယ် မီးဇာရွာမှာ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ အစည်းဝေးမှာ အသက် ၁၈ နှစ်ကနေ အသက် ၄၀ နှစ်အတွင်း အမျိုးသားတွေဟာ အာရက္ခတပ်တော်(AA)ထံ စစ်မှုထမ်းရမှာဖြစ်ကြောင်း ပြောဆိုပြီး AA ထံ စစ်မှုမထမ်းလိုတဲ့ ဒေသခံ အယောက် ၄၀ ကျော်ဟာ မနေ့ညနေက မီဇိုရမ်သို့ ရောက်ရှိလာတာဖြစ်ပါတယ်။

Zalen ad

“မနေ့ညနေက မိန်းကလေးအပါဝင် အယောက် ၄၀ ရောက်လာတယ်။ ဒီမနက် ၇ ယောက် ထပ်ရောက်တယ်။ မိန်းကလေး ၇ ယောက်ပါတယ်။ အကုန်လုံးက အသက် ၃၀ ဝန်းကျင် လူငယ်တွေပါ။ AA က စစ်သင်တန်းတက်ရမယ်ပြောလို့ ထွက်ပြေးလာကြတာဖြစ်ပါတယ်။”လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နေထိုင်ပြီး ၎င်းတို့ စားဝတ်နေရေးနဲ့ နေစရာတွေအတွက် အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ AA က ကျီးလေ၊ တရွန်အိုင်၊ မီးဇာရွာ စတဲ့ ကျေးရွာတွေကို ဧပြီလတွင်းက သွားရောက်ပြီး အစည်းဝေးပြုလုပ်ကာ ဒေသခံတွေအနေနဲ့ စစ်မှုထမ်းရမယ်လို့ ပြောဆိုတယ်လို့ ဆိုပါတယ်။

သတင်း – Jai Sakeu

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်