ဇန်နဝါရီ ၂၁၊ ၂၀၂၆။
Zalen
အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒုက္ခသည်တွေတွက် UNHCR India မှ အသိပေးအကြောင်းကြားစာကို ဒီနေ့ ဇန်နဝါရီ ၂၁ရက်နေ့တွင် New Delhi CRC page မှာ တင်ထားပါတယ်။ အဆိုပါ အသိပေးအကြောင်းကြားစာမှာ အိန္ဒိယနိုင်ငံရှိ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေးကို UNHCR နဲ့ ADRA India တို့မှ ပူးပေါင်းကူညီမယ်လို့ သိရပါတယ်။
တတိယနိုင်ငံရှိ မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်စေဖို့ မိသားစု ပြန်လည်ပေါင်းစည်းရေး လမ်းညွှန်အကူအညီပေးမှု အစီစဉ် (FRUN) ကို UNHCR India က စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို UNHCR India နဲ့ ADRA India (Adventist Development and Relief Agency) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။
တတိယနိုင်ငံတွေရှိ မိသားစုဝင်များထံ သွားရောက်နိုင်ရေးအတွက် လိုအပ်သော ဥပဒေရေးရာ အကြံပေးမှုနှင့် လမ်းညွှန်မှုများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါတယ်။
ဇနီး (သို့) ခင်ပွန်း၊ အသက် (၁၈) နှစ်အောက် ကလေးငယ်တွေ၊ တတိယနိုင်ငံရှိ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေရဲ့ မိဘတွေ (သို့) အုပ်ထိန်းသူတွေ လျှောက်ထားနိုင်ပါတယ်။
အထူးအခြေအနေတွေမှာ အရွယ်ရောက်ပြီး သား/ သမီးတွေ၊ မိဘတွေနဲ့ မောင်နှမတွေလည်း ပါဝင်နိုင်ပေမဲ့ သွားရောက်မည့်နိုင်ငံရဲ့ စည်းမျဉ်းတွေပေါ်မှာသာ မူတည်ပြီးဖြစ်ပါတယ်။
အထက်ပါ အရည်အချင်းပြည်မီသူတွေအနေနဲ့ ADRA India ရဲ့ အီးမေးလ် frindia@adraindia.org၊ ဖုန်းနံပတ် 011-45705611သို့ လျှောက်ထားနိုင်ပါတယ်။
UNHCR ရဲ့ mailbox ဖြစ်တဲ့ indnecp@unhcr.org ကို အီးမေးလ်ပို့ရာမှာ CC ထည့်သွင်းပေးပို့ဖို့ လိုအပ်ပါတယ်။ အီးမေးလ် ပေးပို့ရာမှာ Subject နေရာမှာ Family Reunification (မိမိရဲ့ UNHCR ID နံပါတ်) ဟု ဖော်ပြရမည်ဖြစ်ပါတယ်။
လျှောက်ထားသူရဲ့ အမည်၊ UNHCR မှတ်ပုံတင်အထောက်အထား၊ တတိယနိုင်ငံရှိ မိသားစုဝင်ရဲ့ အချက်အလက်များ၊ မိသားစုတော်စပ်မှုအထောက်အထား (မွေးစာရင်း/လက်ထပ်စာချုပ်) နဲ့ ဗီဇာလျှောက်ထားမှု အခြေအနေတို့ကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပါတယ်။
UNHCR နဲ့ ADRA India တို့သည် ဥပဒေရေးရာ လမ်းညွှန်မှုများကိုသာ ပေးခြင်းဖြစ်ပြီး ဗီဇာလမ်းကြောင်းအသစ် ဖန်တီးပေးခြင်း မဟုတ်ပါဘူး။
ဒါ့အပြင် ဗီဇာလျှောက်ထားခ၊ ဆေးစစ်ခနှင့် ခရီးစရိတ် အစရှိတဲ့ ကုန်ကျ စရိတ်အားလုံးကို လျှောက်ထားသူ မိသားစုကသာ တာဝန်ယူရမည်ဖြစ်ပါတယ်။
UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုအားလုံးဟာ အခမဲ့ ဖြစ်ပါတယ်။ ငွေကြေးတောင်းခံမှု ရှိပါက indneconf@unhcr.org သို့ ချက်ချင်း တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-New Delhi CRC page
#UNHCR#ADRAIndia#NewDelhiCRC#Zalen
















