အိန္ဒိယအကျဉ်းထောင်ထဲက မြန်မာတွေ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

၆၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံကို မြန်မာဘက်ကနေ ထွက်‌‌ပြေးခိုလှုံလာ လို့ လူ၀င်မှုကြီးကြပ်ရေးဥပဒေ အဖမ်းခံထားရတဲ့ မြန်မာဒုက္ခသည်တွေဟာ အကျဉ်းထောင်အတွင်းမှာ ဆိုးရွားတဲ့ အခြေနေတွေ ကြုံတွေ့နေရတယ်လို့ India for Myanmar က စက်တင်ဘာ ၅ရက်မှာ အစီရင်ခံစာမှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီး ထောင်ချခံရသူတွေဟာ ရာဇဝတ်အကျဉ်းသားတွေရဲ့ အနိုင်ကျင့်ခံနေရပြီး မိသားစုတွေနဲ့လည်း အဆက်အသွယ်မရတဲ့အပြင် အရေးပေါ်အခြေအနေကလွဲလို့ ဆေးကုသခွင့်မပေးတာတွေလည်း ဖြစ်နေတယ်လို့ India for Myanmar က ဆိုပါတယ်။

Zalen ad

ဒါ့အပြင် ထောင်တွင်းမွေးဖွားတဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေး ထိုးခွင့်မရတာ၊ သန့်ရှင်းတဲ့သောက်သုံးရေ မရတာနဲ့ တစ်ပတ်၊ နှစ်ပတ် တစ်ကြိမ်မှ ရေချိုးခွင့်ရတာတွေလည်း ကြုံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မဏိပူရ်ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ စစ်ဘေးဒုက္ခသည် ၁၇၃ ဦးရှိတယ်လို့ India for Myanmar ကပြောပါတယ်။

ဖမ်းဆီးထောင်ချ ခံထားရသူတွေထဲ ထောင်တွင်းမွေးဖွားတဲ့ ကလေးငယ် ခုနစ်ဦး အပါအဝင် အသက် ၁၅ နှစ် အောက် ကလေး ၂၆ ဦးနဲ့ အမျိုးသမီး ၅၃ ဦးခန့် ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်လာကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး စိန်ခေါ်မှု၊ ရေရှည်ရပ်တည်နိုင်ရေး အခက်အခဲနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီမရတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာကနေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ကူညီဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို တောင်းဆိုထားပါတယ်။

အိန္ဒိယကို ၀င်ရောက်ခိုလှုံလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ခုနစ်သောင်းခန့်ရှိလာပြီး မီဇိုရမ်၊ မဏိပူရ်၊ အာရုနာချာ၊ နာဂလဲန်းပြည်နယ်နဲ့ နယူးဒေလီမြို့တွေမှာ အများဆုံးနေထိုင်ကြပြီး မီဇိုရမ်ပြည်နယ်မှာတော့ မြန်မာစစ်ဘေးဒုက္ခသည် ငါးသောင်းခန့်အထိ အများဆုံးရှိနေတယ်လို့ India For Myanmar က ‌ဖော်ပြထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်