အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် မိုင်းနင်းမိလို့ အိန္ဒိယနိုင်ငံသားတစ်ဦးထိခိုက်ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး မိုင်းနင်းမိတာကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲတွင် ခြေထောက်၊ လက်နဲ့ မျက်နှာမှာ ဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ကျောက်တိုင်အမှတ် ၈၀ နဲ့ ၈၁ ကြားတွင် အိန္ဒိယနိုင်ငံသား Jerom Birla (၃၆နှစ်) အလုပ်လုပ်နေစဉ်မိုင်းနင်းမိတာကြောင့် ပေါက်ကွဲလို့ ပေါင်၊ လက်ချောင်၊ နဲ့ မျက်နှာတွင်ထိခိုက်ဒဏ်ရာရရှိလို့ မိုးရေးဆေးရုံသို့ပို့ဆောင်ကာ အင်ဖာမြို့သို့ပြန်လည် လွှဲပြောင်းကုသပေးခဲ့တယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်