အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄

Zalen

မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။

” အရင်က နေရပ်ပြန်ဖို့ပြောတာတော့ရှိတယ်။ သူတို့ကိုယ်တိုင်မလာဘူး။ အခုဟာက ခရိုင် အဖွဲ့တွေကိုယ်တိုင် လာပြောတာ။ ရွာမှာ ပြင်ဆင်စရာ သွားပြင်ဆင်ကြပါ။ ဒီဇင်ဘာလ နောက်ဆုံးထားပြီး ရွှေ့ရမယ်လို့ပြောတယ်။ နေရပ်ပြန်ရင်တချို့ကနေစရာ အိမ်လည်း မရှိတော့ဘူး။ ပြီးတော့လေကြောင်းရန်ကိုလည်း ကြောက်နေရတယ် ” လို့ စစ်ဘေးရှောင် တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

အော့ခရူနဲ့ ကမ်ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်များဟာ ၂၀၂၄ နှစ်စပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေလို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး လူဦးရေ ၄၀၀၀ ကျော်စစ်‌ဘေးခိုလှုံနေတာ လို့ သိရပါတယ်။

ဒါ့ပြင် တင်နိုပယ်ခရိုင်က မလိမ်၊ တန်ဂူး လူမျိုးများ နေထိုင်တဲ့ ကျေးရွာ တစ်ရွာမှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေး ဒုက္ခသည် အိမ်ခြေ (၂၀၀) ကျော်ကိုလည်း ၎င်းကျေးရွာကနေ ရွေပြောင်းပေးဖို့ လူငယ်ကော်မတီအဖွဲ့က ၂၁ရက်နေ့က ပြောတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

သတင်း-တမူးနွေဦး

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်