အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄

Zalen

မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။

” အရင်က နေရပ်ပြန်ဖို့ပြောတာတော့ရှိတယ်။ သူတို့ကိုယ်တိုင်မလာဘူး။ အခုဟာက ခရိုင် အဖွဲ့တွေကိုယ်တိုင် လာပြောတာ။ ရွာမှာ ပြင်ဆင်စရာ သွားပြင်ဆင်ကြပါ။ ဒီဇင်ဘာလ နောက်ဆုံးထားပြီး ရွှေ့ရမယ်လို့ပြောတယ်။ နေရပ်ပြန်ရင်တချို့ကနေစရာ အိမ်လည်း မရှိတော့ဘူး။ ပြီးတော့လေကြောင်းရန်ကိုလည်း ကြောက်နေရတယ် ” လို့ စစ်ဘေးရှောင် တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

အော့ခရူနဲ့ ကမ်ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်များဟာ ၂၀၂၄ နှစ်စပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေလို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး လူဦးရေ ၄၀၀၀ ကျော်စစ်‌ဘေးခိုလှုံနေတာ လို့ သိရပါတယ်။

ဒါ့ပြင် တင်နိုပယ်ခရိုင်က မလိမ်၊ တန်ဂူး လူမျိုးများ နေထိုင်တဲ့ ကျေးရွာ တစ်ရွာမှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေး ဒုက္ခသည် အိမ်ခြေ (၂၀၀) ကျော်ကိုလည်း ၎င်းကျေးရွာကနေ ရွေပြောင်းပေးဖို့ လူငယ်ကော်မတီအဖွဲ့က ၂၁ရက်နေ့က ပြောတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

သတင်း-တမူးနွေဦး

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်